ပြင်ဦးလွင်မှာ သရုပ်ဆောင်အိချောပိုရဲ့ကား ရိုက်နှက်ဖျက်ဆီးခံရ
14 Mar 2016 1,823 Views
ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ရောက်ရှိနေတဲ့ သရုပ်ဆောင် အိချောပိုရဲ့ကားကို ဆိုက်ကယ်နဲ့လူတစ်စုက မတ်လ ၁၂ ရက်နေ့ ည ၉နာရီဝန်းကျင်ခန့်က ရိုက်နှက်ဖျက်ဆီးသွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ အိချောပို က ထွန်းထွန်း၊ ကျော်ကျော်၊ ချစ်သုဝေ /နန်းမြတ်ဖြိုးသင်းတို့နှင့်အတူ ရွှေထိုင်ပေ ဟော့ပေါ့ ဆိုင်မှာ ဟော့ပေါ့စားသောက်နေတုန်းမှာ အပြင်မှာ ရပ်ထားတဲ့ သူ့ရဲ့ကားကို ဆိုက်ကယ်နဲ့ လူတစ်စုက ရိုက်နှက်သွားခဲ့တာဖြစ်ပြီး အနုပညာရှင်အားလုံးကတော့ အန္တရာယ်ကင်းရှင်းတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိချောပိုအား ဆက်သွယ်မေးမြန်းရာ `` အနုပညာရှင်တွေအကုန်လုံးဟော့ပေါ့ စားနေတုန်း ညီမရဲ့ကားကို သံတုတ်နဲ့ ရိုက်သွားတာပါ။ နောက်မှန်တစ်ချပ်လုံးကွဲသွားတယ်။ ဘေးကဘော်ဒီလဲထိသွားတယ်။ အခုတော့ ရဲစခန်းကိုတိုင်ထားပါတယ်။ စခန်းမှူးတွေ ရောက်လာကြတယ်။ သူတို့လဲလိုက်ရှာနေကြပါတယ်။ ဘယ်သူတွေမှန်းတော့မသိသေးဘူး။ ဆိုက်ကယ် ၃စီးနဲ့မီးအမှောင်ချပြီးလုပ်သွားတာပါ။ `` လို့ပြောပြပါတယ်။ အိချောပိုက ပြင်ဦီးလွင်မြို့မှာ အချစ်မှာပြိုင်ပွဲရှိတယ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး မတ်လကုန်မှ ရန်ကုန်ပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းပြောပါတယ်။
https://www.facebook.com/myanmarcelebrities/