မင်းဘယ်သူလဲ စောက်ဂရုမစိုက်ဘူး... စည်ပင်ကိုလဲ စောက်ဂရုမစိုက်ဘူးတဲ့
14 Mar 2016 1,688 Views

မြန်မာပြည်၏ တရားဥပဒေ အသက်ဝင် စေချင်သည်။
တရားစီရင်မှု မြန်ဆန်စေချင်သည်။
ဖြစ်စဉ်။
ကျနော်တို့မိသားစု စိတ်တိုင်းကျတွင်မနက်ကလ္ဘက်ရည်သောက်ရန်အတွက် ကားကိုမပိုလမ်းတွင်ရှိသော ထက် စတိုးဆိုင် Aya band ဘေးရှိ ဆိုင်ရှေ့တွင် ထားခဲ့သည်။ တုံးချထား၍တုံးဖယ်၍ထားခဲ့သည်။ (ဆိုင်မဖွင့်သေးပါ) နံနက် ၆ ၃၀ခန့်တွင်ပြီးစီး၍ ကားပြန်ယူရာ ဆိုင်ရှင်မိန်းမမှ ကွမ်းယာလှည်း (စတီးဖြင့်ပြုလုပ်ထားသော) ဖြင့် ကားနောက်ဖုံးကို တွန်းထိုးသည်။
အဖေမှ ခင်ဗျားဘာလုပ်တာလဲ ကျုပ်ဖယ်ပေးတာပဲ ခင်ဗျားတို့မဖွင့်သေးလို ခဏရပ်ထားတာဟုပြောသည် သို့သော်ယင်းမိန်းမမှ နင်တို့စားပြီးတာငါတို့မစောင့်နိုင်ဘူးဟုပြောကာ ကားကိုထပ်တွန်းထုတ်သည် ထို့အတွက်ကြောင့် ကျတော်မှ ဖြစ်စဉ်ကိုphထုတ်၍ မှတ်တမ်းတင်သည်။ အဖေမှ ကားထွက်ရန်စက်နှိုးစဉ် ကား၏ယာဘက်သို့ လှည်းဖြင့် ထပ်လုပ်သည်။
အဖေဒေါသထွက်ကာ ကားရှေ့ရွှေ့ပြီး ကွမ်းယာလှည်းကိုခြေထောက်ဖြင့်ကန်သောအခါ ယင်းမိန်းမမှ ကျနော့အား ချထားသော သစ်သားခုံဖြင့်ရိုက်သည် ကျနော်မှ ပြသနာကြီးထွားမည်စိုးသဖြင့်တားထားသည် သို့သော်ယင်းမိန်းမ ရိုက်သဖြင့် ကျနော့ ဘယ်လက်ထိခိုက်သည်။ ခင်ဗျားတို့ ဥပဒေနားမလည်ဘဲမလုပ်နဲ့ ဒါစည်ပင်ပိုင်မြေ မည်သည့်ယာဉ်မဆိုရပ်၍ ရသည်ဟုပြောသောအခါ ဘယ်စည်ပင်မှ စာက်ဂရုမစိုက်ဘူးဟု ပြောပါသည်။
ယခုကဲ့သို့ တရားဥပဒေမဲ့စွာ ကိုထိလက်ရောက်ကျူးလွန်မှု တို့ကို ကျနော့အနေနဲ့မှတ်လောက်သားလောက်အောင် တရားဥပဒေဘောင်အတွင်းမှဖြေရှင်းချင်ပါသည်။ သို့သော်တရားရေးprocessကမလိုလားအပ်ဘဲ ကြာမြင့်သောကြောင့် တရားစွဲဆိုခြင်းမပြုလုပ်ပါ သို့သော် ကျနော့ရှေ့တွင်လဲကျနော့ကဲ့သို့မျိုးဖြစ်ဖူးသည်ဟု ဘေးပတ်ဝန်းကျင်မှပြောပါသည်။ ထို့ကြောင့်ကျနော်မှ ၂၄ရဲစခန်းမှ ဆေးစာယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်တွေ့ဆုံကာ ခံဝန်ကတိတောင်းခံမည် တောင်းပန်ခိုင်းမည် နောက်နောင်ယခုကဲ့သို့မဖြစ်စရန် ။
တရားရေးprocessသာ မကျန့်ကြာပါစေချင်ပါ။
ယခုတော့နစ်နာမှုကို ဥပက္ခာပြု အမှန်တရားကိုရင်မှာထားကာ ငြိမ်ခံရတော့မည်။
#မည်သည့်mediaမဆိုသတင်းရေးနိုင်သည်။
Ph 09798369168
Kyaw Zin
(ထိခိုက်ဒါဏ်ရာကိုphoto,videoဖြင့်တင်ပြထားပါသည်။)