အဖော်အချွတ်ပုံ ကို အတူတကွ တွဲရိုက်ခဲ့တဲ့ ကိုလံဘီယာ နိုင်ငံက မူးယစ်ဂိုဏ်းခေါင်းဆောင် နှင့် ရဲအရာရှိ
14 Mar 2016 1,619 Views
တစ်ချိန်ကသူတို့နှစ်ဦးသည် ရန်သူများဖြစ်ခဲ့သည်။ သို့သော် ငြိမ်ချမ်းရေးအတွက် ရည်ညွှန်းလုပ်ဆောင်ရာတွင် အတူတကွပါဝင်ခဲ့ပြီးထူးခြားသည့် အပြုအမူများပြုလုပ်ခဲ့သောကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့
သည်။ ကိုလံဘီယာနိုင်ငံရှိနာမည်ကျော် မဂ္ဂဇင်းတစ်စောင်သည် တစ်ချိန်ကမူးယစ်ဂိုဏ်းခေါင်းဆောင်ပောာင်း နှင့် ရဲအရာရှိပောာင်းတို့ကိုဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ထူးခြားသည်မှာသူတို့နှစ်ဦးသည် အမျိုးသမီးများဖြစ်နေခြင်းဖြစ်သည်။
အန်နာပါချီကိုသည် ကိုလံဘီယာနိုင်ငံရှိ FARC သူပုန်အဖွဲ့တွင် ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့ပြီးမူးယစ်
ဆေးရောင်းဝယ်မူများတွင် ပါဝင်ပတ်သက်ခဲ့ဖူးသည်။
လန်ဒိုနိုသည် မူးယစ်ဂိုဏ်းများကို ဖြိုခွဲခဲ့သည့် ရဲအရာရှိပောာင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့နှစ်ဦးသည် အေးချမ်းသောဘဝများကိုပိုင်ဆိုင်ထားကြသည်။သို့သော် ကိုလံဘီယာနိုင်ငံတွင် မူးယစ်ဂိုဏ်းများနှင့် အစိုးရအကြားတိုက်ပွဲများက ပြင်းထန်နေဆဲဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရစေရန်ရည်ရွယ်ပြီးယခုအစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ဝတ်လစ်စလစ်ဓာတ်ပုံရိုက်ကူးရာတွင်ရဲအရာရှိပောာင်းကမူးယစ် ဂိုဏ်းခေါင်းဆောင်ပောာင်းကိုနမ်းသည့် မြင်ကွင်းများလည်းပါဝင်ခဲ့သည်။
လန်ဒိုနိုကမိမိအနေဖြင့် သူပုန်တစ်ဦးနှင့် အဝတ်အစားပါသည့် ဓာတ်ပုံရိုက်ကူးလျှင် စဉ်းစားရမည်ဖြစ်သော်လည်းကောင်းမွန်သည့် အစီအစဉ်ဖြစ်သောကြောင့် လက်ခံလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ပုံကြောင့် ငြိမ်းချမ်းရေးကိုအထောက်အကူပြုနိုင်ကြောင်းပြောကြားခဲ့သည်။
ပါချီကိုကလည်းမိမိတွင်သူပုန်ဘဝတွင် နာကျင်မူများဖြစ်ပေါ်စေကြောင်း၊ ယခုအစီအစဉ်ကိုခင်ပွန်းဖြစ်သူကလည်းထောက်ခံကြောင်း၊မိမိသည် ငယ်စဉ်ကတည်းကမော်ဒယ်အဖြစ်လုပ်လိုခဲ့ကြောင်း၊ မိမိအိပ်မက်များအမှန်တကယ်ဖြစ်လာနိုင်ကြောင်းပြောကြားခဲ့သည်။