ကြော်ငြာရိုက်ဖို့ သီရိလင်္ကာသွားတဲ့ ခင်ဝင့်ဝါ
11 Mar 2016 1,965 Views
ခင်ဝင့်ဝါက ကြော်ငြာရိုက်ကူးဖို့အတွက် သီရိလင်္ကာကို ရောက်နေပါပြီ။သူမနဲ့အတူ ရိုက်ကူးရေးအတွက် နိုင်းနိုင်းလဲ ပါသွား ပါ တယ်။
ကြော်ငြာရိုက်ကူးဖို့အတွက် အဲ့ဒီနိုင်ငံကိုရောက်ရှိနေတဲ့ သူမက ရောက်ရောက်ချင်းမှာပဲ သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့မှာ ကိန်းဝပ်စံပယ်တော် မူတဲ့ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ကိုလည်း သွားရောက်ဖူးမျှော်ခဲ့ပါတယ်။
တစ်နှစ်မှ တစ်ခေါက် အပြင်မှာဖူးမျှော်ခွင့်ရတဲ့အတွက် သူမ ဖူးခွင့်မရခဲ့ပေမယ့်လည်း သူမရဲ့ပရိသတ်တွေ ဖူးမျှော်နိုင်အောင် ဓာတ်ပုံရိုက်ပြီး သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်တင်ပေးထားပါတယ်။
" တစ်နှစ်မှ တစ်ခေါက် ဘဲအပြင်မှာဖူးမျှော်ခွင့်ရှိတဲ့အတွက် ဝင့်ဝါတို့ ဖူးခွင့်မရခဲ့ပေမဲ့ အားလုံး ဖူးမျှော်နိုင်ဖို့ အတွက် မြတ်စွာဘုရား စွယ်တော် ဌာပနာ ထားတဲ့နေရာနဲ့ ဓါတ်ပုံကို ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်နော်"လို့လည်း ရေးထားပါတယ်။