BEC-TERO TV

သီရိလင်္ကာတွင် လူဆိုးဂိုဏ်းများကို တိုက်ခိုက်ရန် စစ်ပွဲကာလအတိုင်း ဆောင်ရွက်

11 Mar 2016     1,495 Views


       ကိုလံဘို - မြို့တော်အတွင်း လူဆိုးဂိုဏ်းနှင့်ပတ်သက်မှုရှိသည့် ပစ်ခတ်မှုများ တစ်ဟုန်ထိုးမြင့်တက် လာပြီးနောက် သီရိလင်္ကာက ရဲများသည် မတ်လ ၆ ရက်တွင် စစ်ပွဲကာလ၌သုံးခဲ့သော လမ်းပိတ် ဆို့သည့် အကာအကွယ် အတားအဆီးများကို ပြန်လည် အသုံးပြုကာ ကားများကို အလျဉ်းသင့်သလို ရှာဖွေစစ်ဆေးလျက်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်နီးပါးလောက်က ပြီးဆုံးခဲ့သည့် ခွဲထွက်ရေး စစ်ပွဲအတွင်း ဆောင်ရွက်နေကျ အတိုင်း အကာအကွယ် အတားအဆီးများချထားရန် ကိုလံဘိုမြို့တော်နှင့် ယင်း၏ ဆင်ခြေဖုံး ဒေသများရှိ ရဲစခန်း ၁ဝဝ ကျော်ကို ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ruwan Gunasekera က ဆိုသည်။

        ရည်ရွယ်ချက်မှာ ထိပ်တန်းပြစ်မှုကို ကျူးလွန်သူများ ဖမ်းဆီးရန် ဖြစ်သကဲ့သို့ ထိပ်တန်းပြစ်မှုများနှင့် မူးယစ်ဆေးမှောင်ခိုလုပ်ခြင်းကို တားဆီးရန်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ မူးယစ်ဆေးမှောင်ခိုလုပ်ခြင်းနှင့် ပစ်ခတ်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ခြင်းက အာဏာပိုင်များ ကို အထူးစီမံချက်များ ဆောင်ရွက်ရန် ဖြစ်လာစေခဲ့သည်ဟု ¤င်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ကိုလံဘိုတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ သုံးဦးထက်မနည်းရှိခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲများ၏ ပြောကြားချက်အရ သိရပြီး ယင်းဖြစ်စဉ်မှာ လူဆိုးဂိုဏ်းနှင့် ပတ်သက်မှုရှိသည့် အကြမ်းဖတ်မှုဖြစ်ကြောင်း ပြောခဲ့သည်။

        မည်သူမည်ဝါမှန်းမသိနိုင်သော သေနတ်သမားများက အကျဉ်းထောင် ကားတစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူတစ်ဦး ဒဏ်ရာရခဲ့သည်။ ၄င်းကို ပြီးခဲ့သည့် ရက်သတ္တပတ်က မြို့တော်တရားရုံးတွင် အမှုကြားနာပြီးနောက် အကျဉ်းထောင်သို့ ပြန်လည် ခေါ်ဆောင်လာခြင်းဖြစ်သည်။အာမခံဖြင့် လွှတ်ထားသော နောက်ထပ် မသင်္ကာဖြစ်ဖွယ် လူ တစ်ဦးသည် ၄င်း၏နေအိမ်၌ မတ်လ ၅ ရက်က သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့သည်။ ထို့ပြင် ထိုနေ့က အမျိုးသမီးတစ်ဦးသည် ထောင်ကျနေသည့် ခင်ပွန်းကို သွားရောက်တွေ့ဆုံပြီး နောက် ကိုလံဘိုမြို့တော်၏ ပင်မအကျဉ်းထောင် ပြင်ပတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

        မကြာသေးမီ ရက်သတ္တပတ်များအတွင်း တိုးမြင့်လာခဲ့သော လူဆိုးဂိုဏ်း လှုပ်ရှားမှုကို ထိထိရောက်ရောက် နှိမ်နင်းရန် အထူးတပ်ဖွဲ့ ၁ဝ ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း Gunasekera ကဆိုသည်။ပုံမှန်အခြေအနေအတိုင်း ဖြစ်သည့်အတွက် စစ်ပွဲနယ်မြေဟောင်းကို သွားသည့် ဝင်ပေါက်ရှိ နောက်ဆုံးကျန်ရစ်နေသော စစ်ကြောရေးဂိတ်ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ဖယ်ရှားခဲ့သည်။ သို့သော်လည်း လုံခြုံရေးအတွက် ကားများကို မကြာခဏရပ်ပြီး ရှာဖွေစစ်ဆေးနေရာ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုများ လျော့ကျလာသည့်အချိန်တွင် ရဲများက ကိုလံဘို စစ်ပွဲကာလကအတိုင်း ပြန်လည်ဆောင်ရွက်ကြခြင်းဖြစ်သည်။

     http://myanmar.mmtimes.com/


11 Mar 2016     1,495 Views




RELATED

Most Popular of International News

Most Popular of NEWS