ဝတ်မှုံရွှေရည်ရဲ့ Mini Kit လေးထွက်ပြီ
10 Mar 2016 1,874 Views

မတ်လ(၉)ရက်နေ့မှာ ဝတ်မှုံရွှေရည်ရဲ့ ပုံစံတူ Mini Kit လေးကို ထွက်ရှိလာပါပြီ။ သူမရဲ့ ပုံစံတူ အရုပ်လေးကိုတော့ ငွေကျပ်(၁၉၉၀၀)နဲ့ ဝယ်ယူလို့ရနိုင်ပြီလို့သိရပါတယ်။အဲ့ဒီ အရုပ်လေးတွေကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဝယ်ယူကာ သိမ်းထားလို့ရပြီဖြစ်ကြောင်းကို သူမရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ ရေးထားပါတယ်။
"ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Mini Kit Kit အမှတ်တရ အရုပ်လေးတွေကို မတ်လ(၉) ရက်နေ့က စပြီး တိုင်း နဲ့ ပြည်နယ် အသီးသီးက ဆိုင်တွေမှာ စတင်ဝယ်ယူကာ အမှတ်တရ သိမ်းထားလို့ ရပါပြီ။ရောင်းချပေးတဲ့ ဆိုင်မရှိတဲ့ တစ်ချို့ မြို့မှ ရွှေကစ် Fans များ အားလုံးက နီးစပ်ရာ မြို့များတွင်လည်းကောင်း Online Store များ..Hot Line များတွင် ဝယ်ယူအားပေးနိုင်ပါတယ်။မတ်လ ၁၃ ရက်နေ့ အထိ ဝယ်ယူ အားပေးသူများ အားလုံးကိုလည်း ယခင် KITS COLLECTION တစ်ခု ဖြစ်တဲ့ အမှတ်တရ ခေါင်းအုံးများကိုပါ ကံစမ်းမဲဖောက်ပြီး မေတ္တာလက်ဆောင် တုံ့ပြန်ပေးသွားမယ်"လို့ သူမက ပြောပါတယ်။
ဒီအရုပ် ကလေးတွေ ကိုတော့ မတ်လ ၉ရက်နေ့က စတင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ မကွေး ၊ ပြည်၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်မြို့များမှာ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းရှော့ပင်း အနေနဲ့ Cool Fancy Shop နဲ့ Brithday Online Store တို့မှာ ဝယ်ယူနိုင်ပြီး Kits Collection Page မှာလည်း အော်ဒါမှာယူကာ ဝယ်ယူရရှိ နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။