ဘဝရပ် တည်ဖို့ အတွက် အစီအစဉ် ဆွဲနေပြီ ဆိုတဲ့ နေမင်း
10 Mar 2016 1,392 Views
နေမင်းက “အသက်လျော်ကြေး” ဇာတ်ကားကို အေးမြတ်သူ နဲ့ ရိုက်ကူးနေပြီး အစ်မကို သတ်သွားတဲ့ သူကို ပြန်လိုက် သတ်တဲ့ လူမိုက် တစ်ဦး ပုံစံနဲ့ သရုပ်ဆောင်ထား ပါတယ်။ သူ့ရဲ့ ဇာတ်ရုပ်ပီ ပြင်ဖို့ အတွက် ကျောမှာ ဘီလူးပုံ တက်တူး ထိုးဖြစ်ခဲ့တယ် လို့ သိရပါတယ်။ တက်တူး ထိုး ရတာ ကြိုက်ပေ မယ့် မိဘတွေက ခွင့်မပြုတာကြောင့် တက်တူးဆရာ နဲ့ တိုင်ပင်ပြီး Body Paint ပုံစံမျိုး ရေစိုခံအောင် ထိုး ခဲ့ ကြောင်း ပြောပါတယ်။
နေမင်းက မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ မန္တလာမြေ ရဲ့ မန္တလာမေ အငြိမ့်မှာ မင်းသားဝတ်စုံနဲ့ ကပြဖျော်ဖြေခဲ့ ပါတယ်။ ဇာတ်ကားရိုက်ကျဲ သွားတာက တစ်ကြောင်း၊ နယ်တွေမှာ သီချင်းတွေ လိုက်ဆိုရင်း ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့တဲ့ အရသာကို ကြိုက်သွားတဲ့ အတွက် မန္တလေးက ပရိသတ်ကို တွေ့ချင်ဇော နဲ့ အရင်ဆုံး လက်ခံ လိုက်တာဖြစ်ပြီး နောက်မှ မင်းသား အက ကို ကရမယ် ဆိုတာ သိခဲ့တာဖြစ်ကြောင်း နေမင်းက ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေပါ ဖျက်ခဲ့ပြီး အကကိုလည်း ကြိုးစား သင်ယူ ခဲ့ကြောင်းကို နေမင်းက “ကျွန်တော့် ဘဝမှာ တကယ်ကြောက် တဲ့ အရာ ဆိုလို့ နှစ်ခါပဲ ကြုံဖူးတယ်။ အဲဒီလို ကဖို့ ကျွန်တော် တော်တော်ကြောက် တယ်။ ဒါဒုတိယမြောက် ကျွန်တော် ခံစားရတဲ့ အကြောက်ပေါ့။ မပီပြင် မှာကြောက်တာပါ။
ကျွန်တော်နေလာတဲ့ ပုံစံနဲ့ ပျော့ပျောင်းမှု ဘယ်လိုမှ မရှိနိုင်ဘူး။ ပွဲက ခါနီးထိ အကသင်နေ တုန်းပဲ။ တစ်ခုကောင်း သွားတာက ကျွန်တော့် ကြိုးစားမှုနဲ့ ပရိသတ်ကို ဖျော်ဖြေချင်တဲ့ ဆန္ဒတစ်ခုကြောင့် ပြောင်ပြက်ပြီး လုပ်နေတယ်လို့ သဘော မသက်ရောက်ဘဲ တကယ် မ ကျွမ်းကျင်လို့ ဒုက္ခတွေ့တဲ့ ပုံစံမျိုး နားလည်မှုပေးတဲ့ အတွက် ဖျော်ဖြေရ ကျိုးနပ် ပါတယ်။ ပထမ ကျွန်တော်ကြောက် တာ က မြန်မာမှုကို ဖျက်ဆီးတယ် ထင်မှာဆိုးတယ်။ မန္တလေးဖြစ်တဲ့ အတွက် ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ မြို့ဖြစ်တော့ ကိုယ်က ချစ်တဲ့ စိတ် နဲ့ ဖျော်ဖြေပေမယ့် တစ်ဖက်က အမြင်မှာလာ စော်ကားနေတယ် ဆိုတဲ့ အတွေးမျိုးရှိသွားမှာ ကြောက်မိတယ်”လို့ပြောပါတယ်။
ဘဝ လက်တွဲဖော် မရှာ သေးဘူးလား လို့မေးတော့ “ဒီတစ်နှစ် အတွင်းမှာ အသိတရားတွေ အများ ကြီးရ လာတယ်။ တချို့ ကိစ္စတွေမှာ ကိုယ် မလုပ်သင့်တာတွေ မလုပ်ရဘူး ဆိုတဲ့ အသိတရား ရလာတယ်။ လူကြီးဖြစ်လာ လို့ဖြစ်မယ်။ နောက်တစ်ခုက အဖေနဲ့ အမေ ကို ပြန်ပြီး စောင့်ရှောက်ရမယ် ကူညီရမယ်ဆိုတဲ့ အသိရလာတယ်။ နောက် တစ်ခုက သေချာတဲ့ စီးပွားရေး တစ် ခုလုပ်ဖို့လည်း Plan ဆွဲနေပါတယ်။
လော လောဆယ်မှာတော့ လက်တွဲဖော် ရှာဖို့ နေနေသာသာ တစ်ယောက်တည်း နဲ့ အဖေနဲ့ အမေ နဲ့တောင် ပြည့် စုံအောင် မနည်း ရပ်တည်နေရတယ်။ ကိုယ်ခြေ ထောက်ပေါ် ကိုယ်ရပ်ဖို့တောင် ခြေထောက်က မခိုင်ဘူးဖြစ်နေတယ်။ နောက် ထပ် တစ်ယောက်ကို ကိုယ့်ခြေထောက် ပေါ်ခေါ်ရပ်ဖို့ အဆင်မပြေ သေးဘူး”လို့ ဘဝရပ်တည်ဖို့ အစီအစဉ်ဆွဲနေကြောင်းပြောပါတယ်။
http://popularmyanmar.com/afpopular/