ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို NLD ၏ သမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော်၌ အမည်စာရင်းတင်
10 Mar 2016 1,477 Views

သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ လွှတ်တော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က သမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူကို အမည်စာရင်း တင်သွင်းခဲ့ပါသည်။
ဦးဟင်နရီဗန်ထီးယူသည် NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ပြီး အမျိုးသားလွှတ်တော် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ရွေးကောက်ခံရသူ ဖြစ်ပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယခင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကို အမည်စာရင်း တင်သွင်းခဲ့ပါသည်။
Source: Eleven News