ကျနော် အင်းစိန်ထောင်ထဲ သွားမနေချင်လို့ပါ...ပေါ်ပေါ်တို့ ကူညီကြပါဆိုလို့
09 Mar 2016 1,586 Views

ကျနော့်ကား ဒီလို အတိုက်ခံ ရတယ်။ ကျနော်က 379 ခိုးမှု။ 294 ဆဲဆိုမှု။ 506 ခြိမ်းခြောက်မှုနဲ့ အချုပ်ခံရတယ်။ Fri အားလုံးက ဘယ်ပျောက်နေလဲ မေးလို့အကျဉ်းချုံး တင်ပြတာပါ။ အသေးစိတ် ထပ်တင် ပါ့မယ်။
ကျနော့်ကားက ပြည်လမ်းမကြီးပေါ်က မြို့ထဲကို မောင်းအလာ။ လမ်းသွယ် ကထွက်တဲ့ taxi ကဝင် တိုက်။ taxi ယဉ်မောင်းက ပြေလည်အောင် လုပ်ပေးမယ်ပြော။ တိုက်တဲ့ခလေးက ကိုယ့်သားထက်ငယ်။ သားသမီး ချင်းစာနာ။ လိုင် စင်နဲ့wheel tex အာမခံအဖြစ်နဲ့သားလေးလို့ခေါ်ပြီး တောင်းထား။ တိုက်တဲ့နေရာနားမှာတောင်း။သူ့မိခင် ရောက်လာ။]
ကျ နော့် အမက ယဉ်ပိုင်ရှင်။ တဖက်က ယဉ်ပိုင်ရှင် ကလည်း အမျိုးသမီး။ ကားအကြောင်း နားမလည်တဲ့အမျိုးသမီး ၂ ယောက်ညှိမရ။ ကျနော်က ကြားဝင် အနီးဆုံး အလုံက ရင်ခြံထဲက body ရုံခေါ်သွား။ သူတို့ဖက်က လူ ၂ ယောက် ရောက်လာ။ လာတဲ့သူက ------ မှုးက တော်ပါလားဆိုနှုတ်ဆက်။ အဘ ---ာ မက အရစ်ရှေ။ ညှိမရ။ ကျနော်က ရက်ပိုင်းအတွင်းသ င်္ဘောတက်ဖို့ရှိလို့ အချိန်မရှိ။
၅၁ လမ်းယဉ်ထိန်းရုံး သွားညှိ ဖို့ခေါ်။ သူတို့က မလိုက်လာပဲ ၅ မိနစ်မောင်းရင် ရောက်တဲ့ ရဲစခန်းဝင်။ အချိန် နဲ့ တ ပြေးညီလိုင်စင် နဲ့ wheel tex လု သွားတယ် တိုင်ချက်ဖွင့် ကိုယ်က ဒါကိုမသိ။ ၅၁ လမ်းက ဟံသာဝတီ ကိုညွှန်။ အမက လမ်းမှာနှလုံး သွေးတိုး။ ဆေးမပါလို့အိမ်ကိုပို့။အိမ်ရောက်ပြီး ယဉ်မှုစစ်ကို အမှုလာဖွင့်မယ့် အကြောင်းနဲ့တဖက်က ----- မှုးကတော် ဆိုတဲ့အတွက် လိုင်စင်နဲ့ ကားစာရွက်စာတမ်း ပါလာတာ တရားဝင် inform လုပ်ထားပါကြောင်း
18:56 နာရီမှာ တရားဝင် အ ကြောင်းကြား။
အမ မူးတာသက်သာတဲ့ အချိန်မှာ ယဉ်တိုက်မှုဖွင့်ဖို့ဟံသာဝတီ အလာလမ်းမှာ ကျနော့်ကို---- မြို့နယ် ရဲစခန်းမှာ လုယက်မှုနဲ့ ဖွင့်ထားတာ သွားရှင်းလို့ပြော။ ကြောက်တာနဲ့အစ်ကိုကို ဖုန်းဆက်ခေါ်။ အကိုက ယဉ်တိုက်မှုအရင်ဖွင့်ဆိုလို့ ယဉ်ထိန်းရုံးသွား။
ယဉ်ထိန်းစခန်းက စေတနာနဲ့ အမှုမဖွင့်ပေးသေးပဲ----- မြို့နယ်က အမှုက ပိုကြီးတယ် အရင် သွားရှင်းဆိုလို့ သွားလိုက်တာ။ ရဲကTaxi ကားရဲ့ စာရွက်စာတမ်း တွေကိုသိမ်း။ ရှာဖွေ ပုံစံကို လက်မှတ်ထိုးခိုင်း။ ကျနော်တို့မောင် နှမကို ဘာမှမစစ်။ IO ဘေးမှာစခန်းမှုး ငုတ်တုတ်။ အိုင်အိုက မှားရင် ခံလို့ပြော။ ကျနော် အချုပ်ခံရ။ တဖက်က ဥပဒေ ကျွမ်းကျင်။ ရာထူးရှိ ကျနော့်အမက အင်္ဂလိပ် ကျောင်းက ဆရာမ။ ဂုဏ်တော့ရှိ။ အာဏာပါဝါမရှိ။ ကျနော်ပိုဆိုး ရေထဲမှာရှာစားရလို့ ကုန်းပေါ်မှာ အသိအကြွမ်းနည်း။
ဒါနဲ့ဘယ်ရမလဲ လက်ဦးဆရာဖြစ်တဲ့ ချမ်းမြေ့ရိပ်သာ ဆရာတော် ဘုရား။ 2000 ခုမှ ယခု ချိန်ထိ အားထုတ်ခဲ့ရာသဒ္ဓမ ရံသီရိပ်သာ ဆရာတော်ဘု ရား။ 2006မှယ နေ့ထိအားထုတ်ခဲ့ရာပဲခူးမြို့ အောင်သုခ ဓမ္မ ရိပ်သာ ဆရာတော်ဘုရားကြီးနှင့် ကျနော်၏ တရားပြဆရာရင်းဖြစ်သော အောင်သုခ ဓမ္မ ရိပ်သာခွဲများမှ ဆရာတော်များကို အချုပ်ခန်းတွင်း မှ ဂျပိုး နှင့်ခြင် များကို အံတု တရားထိုင်ပြီး ဆုတောင်းခဲ့ပါတယ်။
ထိုကုသိုလ်ကြောင့် မိမိကို နတ်ကောင်းနတ်မြတ်များနှင့် အထက်ပုဂ္ဂိုလ်များ ကယ်မ မှုကြောင့် အခု fb သုံးခွင့် ရနေတာပါ။ တရားရုံးရောက်ရင်ကျနော့်အမှုမှာ အာမခံ မရနိုင် တဲ့ပုဒ်မ မို့ င်္ဘောပေါ်မ ရောက်ပဲ အင်းစိန်ကို ခေါ်သွားတော့ မှာပါ။ သူငယ်ချင်းတို့ share ပြီးကျ နော့်ကို ကယ်ပေးမယ်လို့ယုံကြည်ပါတယ်။ အမက ၅၈ ကျ နော်က ၅၆ နှစ် သူတို့ဖက်က ထောင်ထောင် မောင်းမောင်းယောင်္ကျား ၂ ဦး ကျနော်တို့ထက် ငယ်တဲ့ မိန်းမ ၂ ဦး။ ဗလ တောင့်တောင့် body ဆရာ ဆယ်ယောက်လောက်ရှေ့မှာ လုယက်သွားတယ်လို့တိုင်တာကို ဦးရဲများက ယုံတယ်။
အထက် က ၃၈၂ လုယက်မှုနဲ့ ဖွင့်ခိုင်းတာ သနားလို့ အာမခံမရတဲ့ ၃၇၉ ခိုးမှုနဲ့ဖွင့် ပေးတာတဲ့။ ဒီ ၂ ရက်အတွင်း လူကြီးတွေသိအောင် ရှယ်ပေးကြပါ။ နို့မို့ဆို ကျနော် မရောက်ဖူးတဲ့အင်းစိန်ကို အိုကြီးအိုမ နဲ့ပါသွားမှာ။ကျနော်အမှန်
တရားအတွက် ခံနိုင် ပေ မဲ့ တဦးတည်းသောသားနဲ့တဦးတည်း သော မြေးလေးကို သူခိုးသား သူခိုးမြေး အဖြစ်မခံနိုင် လို့ပါ။ အမည် ရာထူးနဲ့ဖြစ်စဉ် အ သေးစိတ်ကိုတော့ ရှေ့နေနဲ့ တိုင်ပင်ပြီးမှထပ် တင် ပေးပါမယ်။ ကျနော် ကြောက်လို့ပါ။ သူတို့က ဥပ ဒေ ကျွမ်းကျင်သူ တွေကိုး။ share ပေးခြင်းဖြင့်ကူညီကြပါ။
Credit: Khin Maung Lwin Facebook