ပေါင် ၁,၀၀၀ ရှိတဲ့ အမျိုးသမီးက ပေါင် ၈၀၀ ချနိုင်ဖို့အတွက် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ခင်ပွန်း ကို အလေးချိန်လျော့ကျပြီးနောက် ကွာရှင်းခဲ့
09 Mar 2016 1,428 Views
အသက် ၃၄ နှစ် အရွယ် မေရာရိုဆယ်လ်သည် ၎င်း၏ တူဖြစ်သူကို ကိုယ်လုံးဖြင့် ဖိသတ်ခဲ့သည် ဟု စွပ်စွဲခံရသူဖြစ်သည် ။ ထိုစဉ် သူမ မှာ ပေါင်ချိန် ၁၀၀၀ ရှိခဲ့သည် ။ ယခုအချိန်တွင် ပေါင် ၈၀၀ ချနိုင်သွားပြီး ယခင်ကထက် အစပေါင်းများစွာ ပိန်သွယ်သွားခဲ့ပြီဖြစ်သည် ။
ညီမဖြစ်သူ ဂျမီက ၎င်းသားသည် မေရာရိုဆယ်ကြောင့် သေသွားခဲ့ရသည်ဟု ထွက်ဆိုပေးရန် မေရာရိုဆယ်လ်ကို တိုးလျှိုးတောင်းပန်ခဲ့ ကြောင်းသိရသည် ။ မေရာရိုဆယ်လ်ကလည်း ဘဝကို လက်လျှော့ထားပြီးသူဖြစ်၍ ထိုသို့ ထွက်ဆိုပေးခဲ့သည် ။
သို့သော် ဆေးစစ်ချက် ထွက်လာသော အခါတွင်မှု ကလေးသည် ဦးခေါင်းဒါဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ထိုသို့ အဖိခံရ၍ သေးဆုံးသွားခြင်း မဟုတ်ဟု စုံစမ်း စစ်ဆေးရေးမှူးများသိသွား တော့သည် ။
ဂျမီကလည်း ဝန်ခံသဖြင့် ၎င်းသည် ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသည် ။ ကျန်နေသေးသည့် တူ ၊ တူမများကို စောင့်ရှောက်နိုင်ရန်အတွက် မေရာရိုဆယ်လ်က ခန္ဓာကိုယ် အလေးချိန်ချတော့မည် ဟု ၂၀၁၁ ခုနှစ်တွင် စိတ်ပိုင်းဖြတ်ခဲ့သည် ။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ထိပ်တန်းဆရာဝန်က သူမကို အဓိက တာဝန်ယူကုသပေးခဲ့သည် ။ ပိုနေသည့် အဆီများကို စွဲထုတ်ပစ်သည့် ခွဲစိတ်မှု ကို ၁၁ ကြိမ် ခံယူပြီးတွင် မေရာရိုဆယ်သည် ပေါင် ၂၀၀ ဝန်းကျင်သာရှိတော့သည် ။ ထိုနောက်တွင်မှု သူမ ဝလွန်း၍ အိပ်ရာထဲမှ မထနိုင် စဉ်ကာလ တစ်လျှောက်လုံး သူမကို ပြုစုစောင့်ရှောက်ခဲ့သည့် ခင်ပွန်းအား ကွာရှင်းပြီး ချစ်သူ အသစ်ဖြစ် တွဲလျက်ရှိကြောင်း သတင်းများ အရသိရသည်။