ကလေးငယ်များ ကစားနေစဉ် အန္တာရာယ် မဖြစ်အောင်မိဘများပိုမိုဂရုစိုက်သင့်
09 Mar 2016 1,413 Views
အသက် ၄ နှစ်အရွယ် သမီးလေး တစ်ယောက်ဟာ ၁၁ထပ်ရှိ နေအိမ်ရဲ့ ဝရန်တာမှာ ကစားခဲ့စဉ် ပြတင်းပေါက်တက်ပြီး မတော်တဆ ကျလာတယ်။ အောက်ထပ်က အကာအရံနဲ့ သစ်ကိုင်းများတားလို့လား၊ ဆောင်းရာသီ အင်္ကျီခပ်ထူထူ ဝတ်ဆင်လို့လား မသိ၊ မြေပေါ် ကျလာတဲ့အခါ ဒဏ်ရာမရှိသလောက်ဖြစ်တယ်။
အံ့ဖွယ်ရာဖြစ်ပေမဲ့ ကလေးငယ် ကစားစဉ် မိဘတွေက တကယ် ဂရုစိုက်ဖို့လိုအပ် ပါတယ်လို့ သတိပေးလိုက်ရပါတယ်။