BEC-TERO TV

BRT ဘတ်စ်ကားအများပိုင်ကုမ္ပဏီ အစုရှယ်ယာ အရောင်းပိတ်ထား

04 Mar 2016     1,378 Views


            အများပိုင်ကုမ္ပဏီအဖြစ်နဲ့ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ BRT ဘတ်စ်ကားလိုင်းရဲ့ ရှယ်ယာ ရောင်းချမှုတွေကို ယာယီပိတ်ထားလိုက်ပါပြီ။ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ရီလ ၇ ရက်ကစတင်ပြီး ထောက်ကြန့်ကနေ ပြည်လိုင်းအတိုင်း ဆူးလေအထိ BRT ကား (၁၈)စီးနဲ့ ပထမဆုံး ခရီးစဉ်အဖြစ်ပြေးဆွဲခဲ့ပါတယ်။အခုဆိုရင် လမ်းကြောင်း ၂ ကိုပြေးဆွဲနေပြီး အခု BRT ဆေင်ရွက်တဲ့နေရာမှာ တိုင်းဒေသကြီးအစိုး ရဖွဲ့ထည့်ဝင်မှုအပြင် ပြည်သူတွေထဲကလည်း ၀ယ်ချင်တဲ့သူတွေကို ရှယ်ယာ ရောင်းချ ပေးခဲ့ပါတယ်။

            ရှယ်ယာတစ်ခုကို ကျပ်တစ်သိန်း သတ်မှတ်ပြီး လက်ရှိမှတော့ ရှယ်ယာရှင် ၁၀၀၀ နီးပါးမှာ ကျပ် ၂ ဘီလီယံကျော် ရောင်းချထားပြီးဖြစ်တယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌကပြောပါတယ်။ဒါပေမဲ့ BRT ဘတ်စ်ကားလိုင်းဟာ တစ်နှစ်အတွင်း အမြတ်ငွေလုံးဝ ရရှိအုံးမှာ မဟုတ်တဲ့ အကြောင်းကိုတော့ ရှယ်ယာရှင်တွေကို အသိပေးပြောဆိုထားတယ်လို့လည်းသိရပါတယ်။


04 Mar 2016     1,378 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS