Golden Myanmar လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ် ဘီးပေါက်
04 Mar 2016 1,495 Views

ယနေ့ (မတ် ၄ ရက်) နံနက် ၇ နာရီ ခန့်အချိန်တွင် ရန်ကုန်မှ မန္တလေးသို့ ပျံသန်းမည့် Golden Myanmar လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ် တစ်စင်းသည် ပျံတက်ရန် ပြင်ဆင်နေစဉ် taxi way ၌ ဘီးပေါက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။ လေယာဉ်၏ ဘယ်ဘက်ဘီး ပေါက်ခဲ့ခြင်းဖြစ်ပြီး ဘီးပေါက်သည့် အရှိန်ဖြင့် မီးပွင့်ထွက်မှု ဖြစ်ခဲ့သည်။ အဆိုပါလေယာဉ်တွင် ခရီးသည် ၃၀ ကျော် ပါရှိခြဲ့ပီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ Golden Myanmar လေကြောင်းလိုင်းက မကြာမီတွင် သတင်း ထုတ်ပြန်မည်ဟု သိရပါသည်။
Photo - Kyaw Swa Min Facebook
Credit: Eleven News