ရန်ကုန်မြစ်တစ်လျှောက် သွားလာနေသော ရေယာဉ်၊ သင်္ဘောများထံမှ အုပ်စုလိုက် ဓားပြတိုက်မှု၊ ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေ
03 Mar 2016 1,421 Views

ဖေဖော်ဝါရီ ၂၉ ရက် ည၁ ၁ နာရီဝန်းကျင်က အလုံမြို့နယ် ဂျောင်ဝိုင်းကြီး၊ ဂျောင်ဝိုင်းလေး သမ္ဗာန်ဆိပ်ကမ်း အနီးတွင် ရပ်နားထားသော ကျောက်စရစ်တင်သည့် ကျွဲ-၁၂ သင်္ဘော၏ နောက်တွဲယာဉ်ပေါ်သို့ ငှက်ကြီးတောင်ဓားများ အသီးသီး ကိုင်ဆောင်လာသော အမျိုးသား ငါးယောက် တက်လာပြီး ဓားပြတိုက်သွားကြောင်း ရေယာဉ်ပိုင်ရှင်များအသင်း အတွင်းရေးမှူးထံမှ သိရသည်။ ဓားပြတိုက်မှုကြောင့် ရေယာဉ်ပေါ်ရှိ ကျပ် ၁၂ သိန်းခန့် တန်ဖိုးရှိ ကုန်းဘောင် ငါးချောင်းနှင့် ဖုန်းသုံးလုံး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
“မနေ့ညက ၈ နာရီခွဲလောက်မှာတွဲကို ကမ်းမှာ ရပ်ထားတယ်။ တွဲပေါ်မှာ အစောင့် သုံးယောက်လောက် ရှိတယ်။ ၁၁ နာရီမှာ သဘောင်္သား နှစ်ယောက်က အိပ်ပြီး တစ်ယောက်က ကင်းစောင့်တယ်။ အသံကြားလို့ လှည့်ကြည့်လိုက်တော့ လူငါးယောက်လောက်က ငှက်ကြီးတောင်ဓားတွေ မိုးထားတယ်လို့ ပြောတယ်။ နောက်တော့ ကုန်းဘောင်ငါးချပ်ကို ရေထဲဆွဲချပြီး ဖုန်းသုံးလုံးကိုလည်း ယူသွားတယ်” ဟု ရေယာဉ်ပိုင်ရှင်များ အသင်း၏ အတွင်းရေးမှူးလည်းဖြစ်၊ ဓားပြတိုက်ခံရသည့် ရေယာဉ်ပိုင်ရှင်လည်း ဖြစ်သည့် ဦးဇော်မင်းက ပြောကြားသည်။
http://news-eleven.com/