BEC-TERO TV

ဆယ်ကျော်သက် ဘဝမှာ ကွဲသွားခဲ့ပြီး Facebook မှာ ပြန်ဆုံကြတဲ့ ချစ်သူ (၂) ဦး

26 Feb 2016     1,550 Views


Carolanne McNicol နဲ့ William Taylor တို့ဟာ ကျောင်းမှာ ကတည်းက စတင်ပြီး တွဲလာခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၁၄နှစ်အရွယ်မှာ ၂ဦးသား အတူတူခိုးရာ လိုက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။  ထိုအချိန်ကစပြီး သူတို့နှစ်ယောက်ဟာ မိဘတွေရဲ့  ခွဲခြင်းကို ခံခဲ့ရပါတယ်။

သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ ငြင်းဆိုခဲ့အပြီး ၃၃နှစ်အကြာ မှာ သူတို့၂ဦးဟာ Facebook မှာ ပြန်လည် ဆုံတွေ့ခဲ့ပြီး အခုတော့ မင်္ဂလာဆောင်တော့မှာ ဖြစ်ပါတယ်။

အခုအချိန်မှာ အသက်၄၇နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Carolanne McNicol နဲ့ William Taylor တို့ဟာ စကော့တလန် နိုင်ငံသားတွေဖြစ်ပြီး ၁၃နှစ်အရွယ်မှာ စပြီးတွဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အရမ်းကို နီးစပ်ခဲ့ပြီး ၁၄နှစ် အရွယ်မှာ အတူတူထွက်ပြေးခဲ့ကြပါတယ်။ သူတို့၂ယောက်ဟာ ၁၆နှစ်မတိုင်မီ အတူတူနေပြီး ၁၆နှစ်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် မိဘတွေက သူတို့နှစ်ယောက် နယူးကာဆယ်မြို့ကို လေယာဉ်နဲ့ မသွားမီ ပြန်လည် တွေ့ရှိခဲ့ကြပြီး တစ်ဦးနဲ့ တစ်ဦး တွေ့ဖို့ ကို အဲ့ဒိအချိန်က စပြီး ပြင်းပြင်းထန်ထန် ချုပ်ချယ်ခဲ့ပါတယ်။ William ရဲ့မိသားစုကလည်း အခြားတစ်နေရာကို ရွှေ့ပြောင်းသွားခဲ့ကြပြီး သူတို့နှစ်ယောက် မတွေ့တာလည်း နှစ်တွေကြာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့၂ယောက်ပြန်တွေ့နိုင်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ဒီနှစ် ဖော်ဖော်ဝါရီလာမှာတော့ Williamက Carolanne ဆီကို Friend Request ပို့ခဲ့ပါတယ်။ အခုတော့ သူတို့၂ယောက်စေ့စပ်ပြီးပါပြီး မင်္ဂလာပွဲကိုတော့ Gretna Green မှာ ပြုလုပ်သွားဖို့ရှိပါတယ်။

လူနာစောင့်တစ်ယောက်အဖြစ် အသက်မွေးနေတဲ့ Carolanneက ” ကျွန်မတို့ ၁၄နှစ်တုန်းက ကျွန်မတို့၂ယောက် အတူတူနေထိုင်ချင်လို့ အတူတူထွက်ပြေးခဲ့တာပါ။ ကျွန်မတို့အရူးအမူး တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ပါတယ်။ ကျွန်မသူ့ကိုကျောင်းမှစမြင်ကတည်းက ကြိုက်ခဲ့တာပါ။ ကျွန်မအတွက် အရေးကြီးဆုံးက William ပါပဲ။ ကျွန်မတို့ နှစ်ယောက် အချိန်တော်တ်ာများများမှာ တပူးပူးတတွဲတွဲ ရှိခဲ့ကြတယ်။ ကျွန်မတို့ မိဘာတွေဟာ ကျွန်မတို့ ငယ်သေးတာကြောင့် အရမ်းကို စိုးရိမ်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့အတူတူ ထွက်ပြေးဖို့  ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဘယ်ကို သွားကြမယ်ဆိုတာတကယ်ကို မသိခဲ့ပါဘူး။ William ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ နယူးကာဆယ်မှာ နေစရာလေးရှိနိုင်မယ်လို့တော့ ထင်ခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက် နယူးကာဆယ်ကို မသွားခင် William ရဲ့ အမအိမ်မှာ ခဏနားခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ သူ့အမ က မိဘတွေကို ဖုန်းဆက်ပြီး ပြောခဲ့တာပါ။ အဲ့ဒိအချိန်က စပြိး အိမ်က William နဲ့တွေ့ခွင့်မပေးတော့ပါဘူး။ သိပ်မကြာပါဘူး။ William ကိုလည်း သူ့အိမ်က နယူးကာဆယ်မှာ သူ့အမေနဲ့ နေဖို့ပြန်လွှတ်လိုက်ပါတယ်။ တကယ့်ကို သောကရောက်ခဲ့ရတဲ့အချိန်တွေပါ။ ကျွန်မလည်း အသည်းကွဲခဲ့ရပါတယ်။ တကယ်တော့ Willam လည်း သူသွားရမယ်ဆိုတာကို မသိရပဲ ချက်ချင်းကြီး အထုတ်ထုတ်ခိုင်းပြီး သွားခိုင်းခဲ့တာပါ။ ကျွန်မတို့မှာ နှုတ်ဆက်ဖို့ အချိန်လေးတောင် မရခဲ့ပါဘူး။” William က  Electrician တစ်ယောက်အဖြစ်အသက်မွေးနေပြီး မိန်းမရခဲ့ပါတယ်။ ကလေး၂ယောက်လည်း ရှိပါတယ်။Carolanne ကတော့ အိမ်ထောင်မပြုခဲ့ပါဘူး။ ဒါပေမယ့် ကလေး၂ယောက်ရှိပါတယ်။

ကျွန်မတို့ မေ့ပစ်ပြီး ဘဝကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်တုန်းကမှာ မေ့လို့မရခဲ့ပါဘူး။ ကျွန်မတို့ ပြန်မဆုံခင်မှာ ကျွန်မက ၁၀နှစ်လောက် တစ်ကိုယ်တည်း ဖြစ်နေခဲ့ပါတယ်။ ကျွန်မတစ်ယောက်ထဲပဲ နေထိုင်သွားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက Facebook Account ဖွင့်ပြီး ကျွန်မ ပထမဆုံး ရှာခဲ့သူက William ပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်မကျောင်းတုန်းကသိခဲ့တဲ့ သူငယ်ချင်းတွေရဲ့ အကောင့်တွေက တစ်ဆင့်သူ့ကို ရှာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား ရှာလို့မတွေ့ခဲ့ပါဘူး။

နောက်မှ သိလိုက်ရတာက သူဟာ Bill Taylor ဆိုတဲ့ နာမည်နဲ့ သုံးနေတယ်ဆိုတာပါပဲ။ ဖော်ဖော်ဝါရီလ ချစ်သူများနေ့မှာ Bill Taylorဆိုတဲ့ ယောင်္ကျားတစ်ယောက်ဆီက Friend Request ရခဲ့ပါတယ်။ သူအသက်သာ ကြီးရင်ကြီးသွားမယ်
ဒါပေမယ့် သူ့ကို မြင်လိုက်တာနဲ့ Willam ဆိုတာ ကျွန်မ တပ်အပ်သိပါတယ်။ ကျွန်မတို့ စကားတွေပြောဖြစ်ပြီး မကြာမီ တွေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။ ကျွန်မတို့ပြန်တွေ့ခဲ့တာက သူနဲ့ကျွန်မ စပြီးထွက်ပြေးခဲ့တုန်းက ရထားဘူတာမှာပါ။ ကျွန်မဖြင့် ၃၃နှစ်ကြာပြီးမှ သူ့ကို ပြန်တွေ့ရတာ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ပါဘူး။ ကျွန်မတို့နှစ်ယောက် မခွဲနိုင်မခွာရက် ပြန်လည် ဖြစ်လာပြီးမှာတော့ သူကကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ကျွန်မတို့ ငယ်ငယ်က စီစဉ်ခဲ့တဲ့ အတိုင်းGretna Geen  မှာ နောက်နှစ်ထဲ လက်ထပ်သွားမှာပါ။

အခုတော့ ကျွန်မရဲ့ ငယ်ချစ်ဦးနဲ့ ပြန်လည် ဆုံတွေ့ခွင့်ကို ရခဲ့ပါပြီ။ ဒီလို စိတ်ကူး၊အိမ်မက်မျိး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်း ကမှ မထင်ခဲ့ပါဘူး။ ကျွန်မ ကျေနပ်လို့ မဆုံးပါဘူး။”   လို့ပြန်ပြောင်းပြောပြပါတယ်။


26 Feb 2016     1,550 Views




RELATED

Most Popular of Special or Others

Most Popular of NEWS