BEC-TERO TV

မတ်လ ၉ရက် နေကြတ်မည်

24 Feb 2016     1,915 Views


           ၉.၃.၂၀၁၆ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၅နာရီ ၄၉မိနစ်မှ ၁၁နာရီ ၄မိနစ် အတွင်းတွင် နေကြတ်ခြင်းဖြစ်စဉ် တစ်ခုဖြစ်ပွားမည်။ နေကြတ်ခြင်းကို တရုတ် ဂျပန် အရှေ့ တောင်အာရှနိုင်ငံများအားလုံး အိန္ဒိယသမုဒ္ဒရာ သြစတြေးလျ ပစိဖိတ်ဒေသအများစုတို့မှ မြင်တွေ့ ကြရမည်။

          မြန်မာစံတော်ချိန် နံနက် ၈နာရီ ၂၉မိနစ် နေကြတ်မှုအဖြစ်ဆုံးအချိန်တွင် နေအပြည့်ကြတ်ခြင်းကိုဆူမတ်တြားကျွန်း ၊ဘော်နီယိုကျွန်း ၊ဆူလာဝီစီကျွန်း၊ ပစိဖိတ်ဒေသအများစုတို့မှ မြင်တွေ့ကြရမည်။ မြန်မာနိုင်ငံသည် နေထွက်ချိန်တွင် နေအနည်းငယ်ကြတ်လျက်ထွက်ပေါ်လာသည်ကို မြင်တွေ့ကြရမည်။

         နေကြတ်ခြင်းကိုနေပြည်တော်မှမြင်ရမည် မတ်လ ၉ရက် နေကြတ်ခြင်းကို နေပြည်တော်မှလည်း မြင်တွေ့ကြရမည်။ နေထွက်ချိန် ၆နာရီ ၂၂မိနစ်တွင် အ နည်းငယ်ကြတ်လျက်ထွက်ပေါ်လာသော နေလုံးကို စတင်မြင်တွေ့ကြရမှာဖြစ်ပြီး ၇ နာရီ ၆မိနစ်တွင် နေကြတ်မှုအဖြစ်ဆုံး အချိန်အဖြစ် မြင်တွေ့ကြရမည်။၇နာရီ ၅၇မိနစ်တွင် နေကြတ်မှုပြီးဆုံးမည်။ နေကြတ်ခြင်းကို ရန်ကုန်မှမြင်နိုင်မည် မတ် ၉ရက်နေကြတ်ခြင်းကို မြို့တော် ရန်ကုန်မှလည်း နံနက်စောစော မြင်တွေ့နိုင်မည်။

         ၆နာရီ ၂၁မိနစ်တွင် အနည်းငယ်ကြတ်လျက် ထွက်ပေါ်လာသော နေလုံးကြီးကို မြင်တွေ့ကြရမည်။ ၇နာရီ ၃မိနစ် အချိန်တွင် နေကြတ်မှုအများဆုံးအဖြစ် မြင်တွေ့ကြရမည်ဖြစ်ပြီး ၇နာရီ ၅၇မိနစ်တွင် နေကြတ်မှုပြီးဆုံးသွားမည်။ နေကြတ်ခြင်းကို မန္တလေးမှမြင်နိုင်မည် မတ် ၉ရက် နေကြတ်ခြင်းကို မြို့တော်မန္တ လေးမှလည်း နံနက်ပိုင်းတွင် မြင်တွေ့ ကြရမည်။

        ထိုနေ့ မန္တလေးနေထွက်ချိန် ၆နာရီ ၂၃မိနစ်တွင် နေသည် အနည်းငယ်ကြတ်လျက်ထွက်ပေါ် လာမည်။၇နာရီ ၉မိနစ်တွင် နေကြတ်မှု ၄၀ရာနှုန်းဖြင့် နေကြတ်မှု အများဆုံး အခြေအနေတွင်ရှိနေမည်။ ၇နာရီ ၅၆မိနစ်တွင် နေကြတ်မှု ပြီးဆုံးမည်။

Credit ; သတင်းစုံ


24 Feb 2016     1,915 Views




RELATED

Most Popular of Special or Others

Most Popular of NEWS