သရုပ်ဆောင် ၀တ်မှုန်ရွှေရည်၏ Kit Collection အဖြစ်
19 Feb 2016 1,546 Views

သရုပ်ဆောင် ၀တ်မှုန်ရွှေရည်၏ Kit Collection အဖြစ် ၀တ်မှုန်ရွှေရည်၏ ပုံတူအရုပ်အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချရန် စီစဉ်နေပါတယ်။ Kit Collection အရုပ်များကို မတ်လဆန်းတွင် စတင်ဖြန့်ချိမည်ဖြစ်ကာ အရေအတွက် ကန့်သတ်ရောင်းချမည်ဟု ၀တ်မှုန်ရွှေရည်က ဆိုပါသည်။
“Kit Collection အနေနဲ့ထုတ်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရ သိမ်းချင်တဲ့ ပရိသတ်တွေအတွက် နောက်ထပ် ဘယ်လို အမှတ်တရ ပစ္စည်းလေး ထုတ်မလဲဆိုတာ အမြဲတမ်းပဲ စဉ်းစားနေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Unique လည်း ဖြစ်သလို ကစ်ရဲ့အငွေ့အသက်လေးတွေလည်း အမြဲရရှိနိုင်တဲ့ ပစ္စည်းလေးလုပ်မယ်လို့ စိတ်ကူးပြီး ဒီအရုပ်လေးတွေ လုပ်ဖြစ်တာပါ။ ကား ရှေ့ခန်းမှာ အလှဆင်ထားတဲ့ အရုပ်လေးဆိုပေမယ့် အိမ်မှာလည်းပဲ အမှတ်တရထားလို့ ရတယ်။ သွားလေရာ သယ်သွားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့ပုံစံလေးပါ။
နိုင်ငံတကာမှာလည်း Celebrities တွေရဲ့မျက်နှာတွေနဲ့ အခုလိုအရုပ်လေးတွေ ထုတ်ကြတာတွေရှိတယ်လေ။ ဒါကြောင့် ကစ်လည်း ကစ်မျက်နှာနဲ့ အနီးစပ်ဆုံးတူတဲ့ ပုံစံမျိုးလေး ထုတ်ထားတာ။ အရေအတွက်ကတော့ အကန့်အသတ်နဲ့ပဲ ရောင်းပေးသွားပါမယ်။ အဓိကတော့ ကစ်ကိုချစ်တဲ့၊ Kit Collectionကထုတ်တဲ့ ပစ္စည်းလေးတွေကို သိမ်းဆည်းထားချင်တဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ပါတယ်” ဟု ၀တ်မှုန်ရွှေရည်က ဆိုပါသည်။
Credit ; Eleven Media Group