BEC-TERO TV

ဒုတိယမြောက် တစ်ကိုယ်တော် အခွေ ထပ်ထွက်ဖို့ ကြိုးစားနေတဲ့ ခင်စုစုနိုင်

18 Feb 2016     1,511 Views


ကိုယ်ပိုင်သံစဉ်အများ ဆုံးပါဝင်သည့် ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ဖေဖော် ဝါရီအတွင်း ထွက်နိုင် ရန် ‘‘ဒုတိယအခွေထွက်ဖို့ တော် တော်ပြီးနေပါပြီ။ အခုက အသံ အချောအတွက် စောင့်နေတာပါ။ တကယ်လို့ထွက်မယ်ဆိုရင် ဖေ ဖော်ဝါရီထဲမှာတော့ ရအောင်ကြိုး စားနေတယ်’’ဟု ခင်စုစုနိုင်က ပြောကြားခဲ့ပါ တယ်။
 
အခွေမှာ  သီချင်းစုစုပေါင်း ၁၃ ပုဒ်ပါဝင်ပြီး ကိုယ်ပိုင်သံစဉ်သီချင်း ၁၂ ပုဒ်နှင့် ကော်ပီသီချင်းတစ်ပုဒ်သာ ပါဝင် ကာ တေးရေးရွှေဂျော်ဂျော်၊ Rခိုင်၊ဇဝါ၊ ဟဲလေး၊ သားသား၊ စော လင်းမို၊ အောင်ကိုမြင့်၊ မီးမီးခဲနှင့် နေခြည်ထွန်းထွန်းတို့က သီချင်း များ ရေးသားပေးထားပါတယ်။

တစ်ကိုယ်တော်စီးရီး မဖြန့် ချိနိုင်သေးမီ အွန်လိုင်း၌ တေးရေးနေခြည်ထွန်းထွန်းရေးသားသည့် ‘ကိုယ်ပိုင်’ အမည်ရ တေးသီချင်း ကို Single Song အဖြစ် ရောင်းချ ပေးမယ်လို့လဲ ပြောကြားခဲ့ပါတယ်။

‘‘ဒီကြားထဲမှာ အခွေက Mixing မပြီးသေးဘူးဆိုရင်တော့ ပရိသတ်တွေအတွက် Single Song တစ်ပုဒ်ထွက်မယ်။ သီချင်း နာမည်က ကိုယ်ပိုင် my own ဆို တာပါ။ ဒီသီချင်းလေးက အခွေ ထဲမှာလည်း အရမ်းအားထားရတဲ့ သီချင်းလေးပါ’”  လက်ရှိမှာ ဇန်နဝါရီ ၅ ရက်က ထွက်ရှိထားသည့် ဂျီ လတ်၊ လှိုင်ဦးမော်၊ သအို၊ လင်း လင်းတို့ ပါဝင်သီဆိုထားသည့် Twelve Songs အခွေ၌လည်း တေးရေးဇဝါ   ရေးသားသည့် ‘တရေးနိုး’သီချင်းကို ဆိုပေး ထားပြီး City FM အခွေ၌လည်း သီချင်းဟောင်းတစ်ပုဒ်ဖြစ်သည့် ‘လမ်းကလေး’သီချင်းကို အာဇာ နည်နှင့် တွဲဖက်သီဆိုထားပါတယ်။

၂၀၁၅ ဒီဇင် ဘာအတွင်း၌လည်း အွန်လိုင်းမှ ‘နှစ်ကူးအလွမ်း’သီချင်းကို Single Song အဖြစ် ရောင်းချပေးထားခဲ့ သည်။


18 Feb 2016     1,511 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment