BEC-TERO TV

ဟောင်ကောင်က နှင်းဆီခင်းကြီး

15 Feb 2016     1,458 Views


ဟောင်ကောင်က မီးလင်းနေတဲ့ နှင်းဆီခင်းကြီး

                                ကမ္ဘာတစ်ဝန်းက နေရာအတော်များများမှာ ချစ်သူများနေ့အတွက် ပြင်ဆင်ထားကြတာ အမျိုးမျိုးပါပဲ။ ပန်းပွင့်တွေ၊ အသည်းပုံတွေအပြင် အခြား အလှဆင်မှုတွေလည်း များစွာ မြင်တွေ့ရပါတယ်။ 2016 ဟောင်ကောင်ရဲ့ ချစ်သူများနေ့ ပြင်ဆင်ထားပုံကတော့ စိတ်ကူးဆန်းသလို လှပလှပါတယ်။

                                မီးလင်းနေတဲ့ နှင်းဆီခင်းကြီးက ရင်သပ်ရှုမောဖွယ်ရာပါ။ နှင်းဆီပွင့်ပေါင်း ၂၅,၀၀၀ ကို ဟောင်ကောင်က ဗစ်တိုးရီးယားဆိပ်ကမ်းရှေ့မှာ အလှဆင်ထားတာဖြစ်ပါတယ်။ နှင်းဆီပန်းပွင့်တွေသဏ္ဍန် ပြုလုပ်ထားတဲ့ LED မီးသီးတွေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

                               မီးတွေနဲ့ လင်းလက်နေတဲ့ နှင်းဆီခင်းကြီးကို တအံ့တသြ လာရောက်ကြည့်ရှုသူတွေ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူတွေနဲ့ စည်ကားနေပါတယ်။ ညအမှောင်မှာ လင်းလက်နေတဲ့ နှင်းဆီဖြူတွေက တကယ့်ကို လှပဆန်းပြားနေပါတော့တယ်။ ချစ်သူများနေ့မှာ စုံတွဲတွေအတွက် တကယ့်ကို အမှတ်တရဖြစ်စေခဲ့ ပါတယ်။


15 Feb 2016     1,458 Views




RELATED

Most Popular of International News

Most Popular of Entertainment