ဆင်ရိုင်း တစ်ကောင် ဝင်ရောက် သောင်းကြမ်း ရာတွင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီး ခဲ့
11 Feb 2016 1,720 Views
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘန်ဂယ် ပြည်နယ်ရှိ မြို့တစ်မြို့တွင် , အနီးအနားတောတွင် နေထိုင်သော ဆင်ရိုင်းတစ်ကောင်မှ မြို့အတွင်းသို့ ဝင်ရောက်ကာ ၁ နာရီကျော်ကြာ သောင်းကြမ်းမှုများကို ပြုလုပ်ခဲ့ရာ လူအများ ထွက်ပြေးခဲ့ရသည် ။
လူနေအိမ်များ နှင့် အခြားအဆောက်အအုံများကို အပြင် ၊ မော်တော်ဆိုင်ကယ် နှင့် ကားများ အများအပြားကို ဖျက်ဆီးပြီးနောက် တွင် တာဝန်ရှိသူများ မှ မေ့ဆေး သေနတ်များဖြင့် ပစ်ခတ်ကာ ဖမ်းဆီးနိုင်ခဲ့သည် ။
ဆီလီဂူရီ မြို့မှာရှိတဲ့ ပြည်သူလူထုတွေ တစ်ဦးမှ ဒဏ်ရာ မရရှိခဲ့ကြောင်းကို ဒေသခံ သစ်တောဌာန မှ တာဝန်ရှိသူများကပြောကြားခဲ့သည် ။
ယခုအချိန်တွင် ထိုဆင်ရိုင်းအား အခြားမွေးမြုရေးဆင် များ ထားရှိသည့် ခြံဝန်းတွင် ခဏ ထားရှိပြီါ် မကြာမှီ အချိန်တွင် တောထဲသို့ ပြန်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်းသိရသည် ။
မျက်မြင်တွေ့ကြုံသူတစ်ယောက်မှ ထိုဆင်သည် အနီးအနားရှိ သစ်တောထဲမှ မြို့အတွင်းသို့ လမ်းမှား ဝင်ရောက်လာပြီး မြို့အတွေ့အကြုံကြောင့် ကြောက်ရွံ့တုံ့လှုပ် စိတ်ချောက်ခြားပြီး ထိုသို့ သောင်းကျန်းမှုများကို ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည် ။
Photo source: BBC