မကောင်း ဆိုးဝါး ပူးနေသော အိမ်ဟု နာမည်ကြီးသော အိမ်အား “Ghost Adventures” ဇာတ်လမ်းတွဲ ရိုက်ကူးသော အဖွဲ့ အစည်းမှ ဝယ်ယူကာ ဖျက်ဆီးခဲ့
08 Feb 2016 1,751 Views
အမေရိကန် နိုင်ငံ အင်ဒီယားနား ပြည်နယ်တွင် ဂယ်ရီ မြို့တွင် တည်ရှိပြီး စွမ်းအားမြင့်မားသော မကောင်းဆိုးဝါး ဝိညာဉ်များ ခြောက်လှန့်မှုများ ၊ မိသားစု တစ်စုလုံး နီးပါး အား ပူးကပ် စီးဝင်မှုများဖြင့် အမေရိကန် နိုင်ငံ တခွင်တွင် နာမည်ကျော်ကြားခဲ့သော အိမ်အား “Ghost Adventures” ဇာတ်လမ်းတွဲရိုက်ကူးသော အဖွဲ့အစည်းမှ ဝယ်ယူကာ ဖျက်ဆီးခဲ့သည် ။
“Ghost Adventures” ဇတ်လမ်းတွဲရိုက်ကူးရေ အဖွဲ့အဝင် Executive Director Zak Bagans မှ ထိုအိမ်အား ဝယ်ယူ၍ ဖျက်ဆီး ခဲ့ကြောင်းသိရသည် ။
“ အိမ်ထဲမှာ တစ်ခုခု ရှိနေတယ်ဆိုတာ ကျွန်တော် မမြင်ရပေမယ့် ကျွန်တော်သိနေရတယ် ။ ကျွန်တော်ကိုယ်တိုင် တစ်ခါမှ မတွေ့ဖူးဘူးဆိုပေမယ့် အိမ်ထဲမှာ နေနေ တဲ့ အချိန်ဆိုရင် တကယ်ကို ပြင်းထန် မှောင်မှိက်တဲ့ ကြက်သီး ထစရာ အတွေ့ကြုံကို ခံစားရတယ် ။ “ ဟု Zar မှ IndyStar သတင်း ဌာနကို ပြောကြားခဲ့ပါသည် ။
Zak မတိုင်မှီ ထိုအိမ်တွင် နောက်ဆုံး နေထိုင်ခဲ့သောမိသားစုမှာ Latoya Ammons နှင့် သူမ၏ သားသမီး (၃) မိသားစုဖြစ်သည် ။
သူတို့မိသားစု မှာ မကောင်းဆိုးဝါး ဝိညာဉ်များ၏ နှောက်ယှက်မှုကို အကြိမ်ကြိမ် ကြုံတွေ့ ရပြီး သာသနာ ၊ ဆေးရုံ နှင့် အစိုးရ တို့၏ အကူအညီများစွာကို ရယူခဲ့ရသည် ။
နှောက်ယှက်မှုများတွင် မိသားစုဝင်များ လေပေါ်တွင် လွှင့်မျောနေခြင်း ၊ မသိသော စကားများကို ပြောဆိုခြင်း ၊ တက်ခြင်း ၊ အကြောဆွဲခြင်း နှင့် ရက်စက်ကြမ်းကြုတ်သော စိတ်များဖြစ်ပေါ်ခြင်း စသည်တို့ပါဝင်ပါသည် ။
အချို့သော နှောက်ယှက်မှုများမှာ ရပ်ကွက် ရဲစခန်း ၊ ဆေးရုံး နှင့် ကလေးဝန်ဆောင်မှု လုပ်ငန်းများကိုပါ ကူးစက်ခဲ့ကြောင်း သိရသည် ။
Ammon ၏ သားတစ်ဦးမှာ ဆေးရုံ၌ ကုသမှု ခံနေစဉ် အတွင်း နှောက်ပြန် လမ်းလျောက်က နံရံပေါ်သို့တက်ပြီး ကျွမ်းပြောင်းပြန်ထိုးခြင်း သည် အတော်ကိုပင် တုန်လှုပ်ခြောက်ခြား စရာကောင်းပြီး စိတ်ရိမ်စရာအကောင်း ဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည် ။
နောက်ထပ် ဆိုးဝါးသော ဆက်တွဲ နှောက်ယှက်မှုမှာ ဆေးရုံရှိ ဝန်ထမ်းများက အခြား ကလေးငယ် တစ်ဦးအား မည်သူမှ ပြုလုပ်ခြင်းမရှိပဲ လေပေါ်သို့ မြှောက်ကာ နံရံ နှင့် တိုက်စေခြင်းဖြစ်သည် ။
နိုဝင်ဘာလ ၂၀၁၁ ခု နှစ်မှ မေလ ၂၀၁၂ ခုနှစ် အထိ ထိုအိမ်တွင် နေထိုင်ပြီးနောက် ၊ သူတို့မိသားစုသည် အင်ဒီယားနားပိုလစ် သို့ပြောင်းရွှေ့ခဲ့ရ ကြောင်းသိရသည် ။ ထို မိသားစု ကြုံတွေ့ရသော နှောက်ယှက်မှုများ နောက်ပိုင်းတွင် ထိုကဲ့သို့ သော ဆိုးရွားသော နှောက်ယှက် မှုများကို ထပ်မံ မကြုံတွေ့ရတော့ကြောင်း ဒေသခံများက ပြောကြားသည် ။