ယခုလအတွင်း အဝေးပြေးခရီသည်တင်ယာဉ် အစိး ၁၀၀၀ ပြည့်အောင် အဝေးထိန်း စနစ်တပ်ဆင်မည်
29 Jan 2016 1,390 Views
အဝေးပြေးကားတွေရဲ့ အရှိန်နှုန်းအပါဝင် ယာဉ်အခြေနေတွေကို အမြဲမပြတ် စောင့်ကြည့်နိုင်မယ့် အဝေးထိန်းစနစ်ကို အခုလအတွင်း အဝေးပြေးခရီးသည်တင်ယာဉ် အစီး ၁၀၀၀ ပြည့်အောင် တပ်ဆင်သွားဖို့ စီစဉ်နေပါတယ်။
အဝေးထိန်းစနစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အခမဲ့တပ်ဆင်ပေးနေတာဖြစ်ပြီး b’ smart က တာဝန် ယူတပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ဒီစနစ် ကို အဝေးပြေးခရီးသည်တင်ယာဉ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတပ်ဆင်တာဖြစ်ပြီးလက်ရှိမှာ အစီး(၇၀၀)ကျော် တပ်ဆင်ထားပြီးပြီလို့သိရပါတယ်။