တော်ဝင်ပလာဇာ၊ ယုဇနပလာဇာ နဲ့ ရွှေပြည်စုံဈေးခန်းဆိုင်ခန်း ငှားရမ်းခမြင့်တက်မှု ဈေးလျော့နိုင်မယ့် အဖြေရှာမတွေ့ခဲ့
28 Jan 2016 1,443 Views
တော်ဝင်ပလာဇာ၊ ယုဇနပလာဇာနဲ့ ရွှေပြည်စုံဈေးဆိုင်ခန်းများ ဌားရမ်းခမြင့်တက်မှုကို ဈေးပိုင်ရှင်တွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ဒီကနေ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ဆိုင်ခန်းဈေးပြန်လည်လျှော့ချနိုင်မယ့် အဖြေမျိုးမရခဲ့ကြပါဘူး။မင်္ဂလာဈေးမီးလောင်ပြီးနောက်ပိုင်း တော်ဝင်ပလာဇာ၊ ယုဇနပလာဇာနဲ့ ရွှေပြည့်စုံဈေးဆိုင်ခန်းငှားရမ်းခတွေက ၅၀ ရာခိုင်နှုန်းဝန်းကျင်မြင့် တက်သွားပါတယ်။
ဒါကိုလက်ရှိ ဆိုင်ခန်းငှားရမ်းဈေးရောင်းသူတွေက လက်မခံနိုင်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ကြားကနေ၀င်ပြီး စေ့စပ်ညှိနှိုင်းပေး တာဖြစ်ပါတယ်။ဈေးဆိုင်ပိုင်ရှင်တွေက သူတို့အနေနဲ့ တရားသက်မှတ်ထားတဲ့ ဈေးနှုန်း မြှင့်တင်တာမဟုတ်ပဲ ကြားပွဲစားတွေ ဈေးကစားနေလို့ အခုလို ဈေးတွေမြှင့်တက်နေ တာလို့ပြေကြားထားပါတယ်။