အရည်သွေးအာမခံချက်မရှိသော သောက်သုံးရန်မသင့်တဲ့ သောက်ရေသန့် ၁၀ မျိုးကို FDA ကစစ်ဆေးတွေ့ရှိ
27 Jan 2016 1,406 Views
မန္တလေးမှာ ရေသန့်လုပ်ငန်း ၈ ခုကနေ ၁၀ ခုအထိ ထပ်မံပိတ်သိမ်းရမယ့်အခြေအနေရှိ နေပါတယ်။မန္တလေးခရိုင်မှာရှိတဲ့ ရေသန့် စက်ရုံတွေကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယအကြိမ် စစ်ဆေးမှုတွေ ပြုလုပ်ပြီး သောက်သုံး ရန်မသင့်တဲ့ ရေသန့်စာရင်းထဲမှာ ရေသန့်လုပ်ငန်း ၁၀ ခုနီးပါး ပါဝင်လာဖွယ်ရှိတယ်လို့ ကနဦး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း မန္တလးမြို့က ရေသန့်လုပ် ငန်းတွေကို ရှောင်တခင်ဝင်စစ်ရာမှာ စက်ရုံ ၉ ခုဟာ FDA ထောက်ခံချက်မရှိသလို ရေအရည်အသွေးကလည်း သန့်ရှင်းမှု မရှိတာကြောင့် မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီက လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်ရ ပါတယ်။မန္တလေးတိုင်းဒေသကြီးထဲမှာ FDA ထောက်ခံချက်ပေးထားတဲ့ ရေသန့်လုပ်ငန်း ၁၂၁ ခုရှိပြီး ဒီထဲက ၆၂ ခုက မန္တလေးမြို့ပေါ်မှာရှိနေတာပါ။