BEC-TERO TV

မြန်မာရွှေ့ ပြောင်းလုပ်သား (၄၃)ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းထား

21 Jan 2016     1,406 Views


ထိုင်းနိုင်ငံထဲကို တရားမ၀င်ရောက်လာတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သား (၄၃)ဦးကို ရနောင်းခရိုင်မှာ ဖမ်းဆီးထားတယ်လို့  ထိုင်းအာဏာပိုင်တွေက မနေ့ ကပြောကြားလိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ ရွှေ့ ပြောင်းလုပ်သားတွေထဲမှာ အမျိုးသား (၃၄)ဦးနဲ့  အမျိုးသမီး (၉)ဦး ပါဝင်ပြီး သူတို့ အားလုံးဟာ ကော့သောင်းကနေ ရနောင်းဘက်ကို ဇန်န၀ါရီလ (၁၈)ရက်နေ့ က ကူးလာကြသူတွေလို့  ဒေသခံထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေဟာနယ်စပ်မှာ အေးဂျင့်တွေနဲ့  တွေ့ ပြီး မလေးရှားနိုင်ငံ ဘက်ခြမ်းကို သွားရောက်မှာဖြစ်တယ်လို့  ထိုင်းစုံစမ်းစစ်ဆေးသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။


21 Jan 2016     1,406 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS