BEC-TERO TV

ကောင်တာငွေလက်ခံ ဆောင်ရွတ်တဲ့  1 Stop စနစ်မိတ်ဆက်ပြသမှု အခမ်းအနား ကျင်းပ

07 Jan 2016     1,419 Views


ကောင်တာငွေလက်ခံစနစ် 1 Stop စနစ် မိတ်ဆက်ပြသတဲ့ အခမ်းအနားကို ချက်ထရီယန် ဟိုတယ်မှာ ဇန်န၀ါရီ (၅) ရက်က ကျင်းပသွားပါတယ်။ ငွေလွှဲခြင်းလုပ်ငန်းတွေ ၊ ကားနဲ့ လေယာဉ် လက်မှတ်ဝယ်ယူတာတွေ မြွေအန္တရယ်အာမခံနဲ့  ဖုန်းငွေဖြည့်တာတွေကို 1 Stop စနစ်ရှိတဲ့ ဆိုင်တွေမှာ ပေးသွင်းရုံနဲ့  လုပ်ဆောင်နိုင်တယ်လို့  သိရပါတယ်။ 1 Stop စနစ်ကို ပြီးခဲ့တဲ့ နှစ် ဇွန်လကစတင်ပြီး ၀န်ဆောင်မှု (၃၀) ကျော်ကို နိုင်ငံတ၀ှမ်းမှာရှိတဲ့ နေရာပေါင်း (၃၀၀၀) ကျော်မှာ ၀န်ဆောင်မှုများပေးနေပြီလို့  သိရပါတယ်။ ဒီစနစ်ကို g & g Convenience store ၊ Capital Hyper Market ၊ လူကြီးမင်းဖုန်းဆိုင်တွေ ၊ e – City နဲ့  Mr.Phone ဆိုင်တွေ ၊ အိန်ဂျယ်ဖက်ရှင်ဆိုင်တွေ နဲ့  မြန်မာသြဘာ ဆိုင်ခွဲတွေမှာ ၀န်ဆောင်မှု စတင်နေပြီလို့  သိရပါတယ် ။ နောက်ပိုင်းမှာတော့ 1 Stop နဲ့ ငွေလွဲခြင်း ၊ရေဖိုးမီးဖိုးနဲ့  ကြိုးလိုင်းဖုန်း ဘေလ်ဆောင်ခြင်းတွေကိုပါ ဆောင်ရွတ်နိုင်မယ်လို့  သိရပါတယ် ။


07 Jan 2016     1,419 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS