နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်၍ Mobile Team ကို ဖျက်သိမ်းရခြင်းဖြစ်ဟု စီးကူးဝန်ကြီးပြော
06 Jan 2016 1,425 Views
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေလမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီဖြစ်လို့ တရားမ၀င်ကုန်သွယ်မှု တားဆီးရေးဗဟိုကော်မတီ Mobile Team ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်တယ်လို့  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ တရားမ၀င်ကုန်သွယ်မှုတားဆီးရေးဗဟိုကော်မတီကို သမ္မတရုံးအမိန့် နဲ့  ဒီဇင်ဘာ ၃၀ ရက်ကစလို့  တရားဝင် ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ Mobile Team ကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း တရားမ၀င်ကုန်သွယ်မှုကို ထိန်းချုပ်ဖို့ ကတော့ အကောက်ခွန်နဲ့  ပြည်ထဲရေးတို့ က ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့  ဦးဝင်းမြင့်က ပြောပါတယ်။