BEC-TERO TV

လူတစ်ထောင်မှာ တစ်ယောက်အရေပြားလေးဘက်နာ ဖြစ်နေ

31 Dec 2015     1,700 Views


အရေပြားလေးဘက်နာရောဂါဟာ လူတစ်ထောင်မှာတစ်ယောက်နှုန်းဖြစ်ပွားနေပြီး အများအားဖြင့် အသက် ၂၀ကနေ ၄၀ ကြား လူလတ်ပိုင်းတွေမှာပိုမိုဖြစ်ပွားတတ်တယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ အရေပြားလေးဘက်နာဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲမှာ ဒေါက်တာဦးချစ်စိုးက ပြောပါတယ်။ဒီရောဂါဟာ အရေပြားပေါ်မှာ အကွက်လေးများဖြစ်ပေါ်ခြင်း၊ အဆစ်မြစ်များကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မကြာခဏဖျားနာခြင်း၊ အဖျားတာရှည်ခြင်းစတဲ့ရောဂါလက္ခဏာတွေနဲ့ပြသ သလိုဖြစ်ပွားပြီးငါးနှစ်အတွင်း သေဆုံးတတ်တယ်လို့လည်းသိရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းအရ ရန်ကုန်မြို့မှာ အရေပြားလေးဘက်နာဖြစ်ပွားသူ တစ်နှစ်ကို ၂၀၀ ၀န်းကျင်ရှိတယ်လို့လည်းသိရပါတယ်။လေးဘက်နာရောဂါ ပေါင်း သုံးရာကျော်ရှိပေမယ့် ပြည်တွင်းမှာတော့ အရေပြားလေးဘက်နာ၊သွေးလေးဘက်နာ၊အရေပြားထူလေး ဘက်နာ၊ခါးရိုးနာလေးဘက်နာစတဲ့ လေးဘက်နာရောဂါအမျိုးအစား ၇ မျိုးသာဖြစ်ပွားရှိတယ်လို့လည်းသိရပါတယ်။


31 Dec 2015     1,700 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS