မြို့ပတ်ရထားစီးနင်းခများ ထပ်မံလျော့ချပေးရန်စီစဉ်
24 Dec 2015 1,435 Views
RBE အဲကွန်းမြို့ပတ်ရထားခနှုန်းထားလျော့ချလိုက်ပြီးနောက်ပိုင်း စီးနင်းသူသိသိသာသာမှားပြားလာတဲ့အ တွက် REB အဲကွန်းမြို့ပတ်ရထားမဟုတ်တဲ့ အခြားမြို့ပတ်ရထားစီးနင်းခတွေကိုလည်းလျော့ချသွားဖို့ စီစဉ်နေတယ်လို့မြန်မာမီးရထားကနေစုံစမ်းသိရှိရပါတယ်။REB အဲကွန်းရထားစီးနင်းခကိုအရင်ငွေ ၃၀၀ ကျပ်ကနေ ၂၀၀ ရာပြောင်းလဲလိုက်ပြီးနောက်ပိုင်း စီးနင်းသူမြင့်တက်လာတာပါ။REB အဲကွန်းရထားစီးနင်းခမ ပြောင်းခင်က တစ်ရက်ကိုမြို့ပတ်ရထားစီးနင်းသူ ခြောက်သောင်းခွဲ ကနေ ခုနှစ်သောင်းသာရှိခဲ့ပေမယ့်ဈေး ပြောင်းလဲနောက်မှာ တစ်နေ့ကို ခုနှစ်သောင်းခွဲဝန်းကျင်အထိမြင့်တက်လာတယ်လို့ သိရပါတယ်။