BEC-TERO TV

(၆) လ အတွင်း နောက်အိမ်ထောင်မပြူရ ဥပဒေကို ဖွဲ့ စည်းပုံမညီဘူးလို့ ဂျပန်တရားရုံးချုပ်ဆုံးဖြတ်တဲ့

22 Dec 2015     1,416 Views


ကွာရှင်းပြီး (၆) လအတွင်းမှာ နောက်အိမ်ထောင်မပြုရဘူးဆိုတဲ့ ဥပဒေဟာ ဖွဲ့ စည်းပုံနဲ့ မညီဘူးလို့  ဂျပန်တရား ရုံးချုပ်က ဒီဇင်ဘာလ (၁၆) ရက်နေ့ မှာ ဆုံးဖြတ်လိုက်ပါတယ်။ တရားရုံးချုပ်ရဲ့  ဒီဆုံးဖြတ်ချက်ဟာ ဖြေရှင်းဖို့ ကြာနေတဲ့ ထိမ်းမြားခြင်းဆိုင်ရာ ပြည်သူ့ ဥပဒေစုတွေထဲက တစ်ခုဖြစ်ပြီး တရားရုံချုပ်ရဲ့  ပထမဦးဆုံး ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ကွာရှင်းပြီး (၆) လအတွင်း အမျိုးသမီးတွေ ထပ်ပြီး အိမ်ထောင်မပြုဖို့  ကန့် သတ်ထားတဲ့ ဒီဥပဒေကို ဂျပန်အထက်လွတ်တော်က ပြင်ဆင်ရတော့မှာလည်း ဖြစ်ပါတယ်။ ကွာရှင်းပြီး အမျိုးသမီး (၆) လအတွင်း နောက်အိမ်ထောင်ပြုချိန်မှာ ကိုယ်ဝန်ရှိမယ်ဆိုရင် ဖခင်အမည် သတ်မှတ်ရေးမှာ အခက်မတွေ့ စေဖို့  ရည်ရွယ်ပြီး ဒီဥပဒေကို ပြုလုပ်ထားတယ်လို့  NHK က သတင်းဖော်ပြသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီဥပဒေဟာ အမျိုးသမီးတွေအပေါ်မှာပဲ ပြဌာန်းထားတာဖြစ်လို့  ဒီပြဌာန်းချက်ဟာ ဖွဲ့ စည်းပုံက ပေးထားတဲ့ ကျား ၊ မ တန်းတူညီမှုကို ချိုးဖျောက်ရာရောက်တယ်လို့  တရားလိုတွေက ချေပထားပါတယ်။


22 Dec 2015     1,416 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS