E-Government စနစ်လုပ်ဆောင်နေပေမဲ့ ပြည်သူများ အွန်လိုင်းစနစ်စိတ်ဝင်စားမှုနည်းပါးနေသေး
18 Dec 2015 1,404 Views
ရန်ကုန်မြို့တော်စည်ပင်ရဲ့ E-Government လုပ်ငန်းစဉ်သို့ ကူးပြောင်းဆောင်ရွက်မှုကို ၂၀၁၂ခုနှစ် မေလ ကတည်း စတင်ခဲ့ပေမဲ့ ပြည်သူတွေအနေနဲ့တော့ အွန်လိုင်း ၀န်ဆောင်မှု ကိုစိတ်ဝင်စားမှုနည်းပါးနေသေးတယ် လို့ရပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ယခင်က လုပ်ငန်းလိုင်စင်တွေကိုကိုယ်တိုင်လျှောက်ထားခြင်းနဲ့ ဖုန်းလျှောက်ထားခြင်းတွေကိုသာ လက်ခံခဲ့ပြီးနည်းပညာဖွံ့ဖြိုးမှုအရ အချိန်ကြန့်ကြာမှုမရှိစေရန် E-Government စနစ်ကိုပြောင်းလဲ့ခဲ့ရာမှာ ပြည်သူတွေရဲ့ အင်တာနက်အသုံးပြုမှုအားနည်းနေခြင်းတွေက အခက်ခဲဖြစ်စေတယ်လို့သိရပါတယ်။