BEC-TERO TV

စွန့်ပြစ်အမှိုက်စီမံခန့်ခွဲ့မှုဆိုင်ရာ စီမံချက် မြို့နယ်ပေါင်း ၃၀တွင်ထပ်မံ အကောင်ထည်ဖော်မည်

17 Dec 2015     1,370 Views


ဥရောပသမဂ္ဂရဲ့ အကူညီနဲ့ လာမယ့်နှစ်အတွင်း ရန်ကုန်ကမြို့နယ်ပေါင်း(၃၀)မှာစွန့်ပြစ်အမှိုက်စီမံခန့်ခွဲ့မှုဆိုင် ရာစွမ်းဆောင်ရည်မြှင့်တင်တဲ့စီမံချက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်ထည်ဖော်သွားမယ်လို့သိရပါတယ်။တာမွေ၊ လှိုင်သာယာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာစွန့်ပြစ်အမှိုက် စီမံခန့်မှုဆိုင်ရာ စွမ်းရည်မြှင့်တင်တဲ့စီမံချက်ကို ပြီးခဲ့တဲ့နှစ်တွေအတွင်းအကောင်ထည်ဖော်ခဲ့ပါတယ်။ဒီစီမံကိန်း မှာလမ်းသန့်ရှင်း ရေးစီမံချက်အပါအ၀င်အမှိုက်ကားတွေမှာ ဂျီပီအက်စ်တပ်ဆင်တဲ့ စနစ်နဲ့ ဥပဒေနည်းဥပဒေအကောင်ထည်ဖော်တဲ့စနစ် တွေပါဝင်ပါတယ်။ဒီစီမံကိန်းကိုတော့ ရန်ကုန်စည်ပင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအပါအ၀င် အီတလီနိုင်ငံ တူရင်းမြို့တော်မြူနီစပါယ်၊ အိုင်တယ်ကာတက္ကသိုလ်(Ithaca University)အမှိုက်စွန့်ပြစ်မှုဆိုင်ရာ ပညာပေးလုပ်ငန်းတွေလုပ်နေတဲ့ Cesvi တို့ပူးပေါင်းအကောင်ထည်ဖော်ကြတာဖြစ်ပါတယ်။


17 Dec 2015     1,370 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS