ရန်ကုန်မိုးလေ၀သရေဒါစခန်းတည်ဆောက်မှု(၇၅)ရာခိုင်းနှုန်းပြီးစီး
16 Dec 2015 1,416 Views
ရန်ကုန်မြို့မှာတည်ဆောက်နေတဲ့ မိုးလေ၀သတိုင်းတာရေး ရေဒါစခန်းဟာလက်ရှိအချိန်မှာ(၇၅)ရာခိုင်နှုန်းတည် ဆောက်ပြီးစီးနေပြီးဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ရေဒါစခန်းကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှာစတင် တည် ဆောက်ခဲ့ပြီးအမြင့်အနေနဲ့(၇၇)မီတာရှိကာ အထပ်ပေါင်း(၁၈)ထပ်ပါဝင်တဲ့ရေဒါစခန်းဖြစ်ပါတယ်။ဒီရေဒါစခန်းကို ဂျပန်စက်ပစ္စည်းကိရိယာတွေနဲ့တည်ဆောက်တပ်ဆင်မှာဖြစ်ပါတယ်။နောက်ပြီးအခုလထဲမှာပဲ ပြင်သစ်မှာပြုလုပ် ထားတဲ့ ရာသီဥတုဆိုင်ရာပြောင်းလဲမှု ညီလာခံမှာထပ်ပြီးအတည်ပြုထားတာရှိပါတယ်။ဒါကတော့ ရာသီဥတုပြောင်းလဲမှုဒဏ်အဆိုးဝါးဆုံးခံရတဲ့ နိုင်ငံ ၁၀ နိုင်ငံမှာမြန်မာနိုင်ငံက ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ် လို့လည်းသိရပါတယ်။အခုလို ရေဒါစခန်းတွေတည်ဆောက်နေတာ ပြီးတော့မယ်ဆိုတော့ မိုးလေ၀သအခြေနေ တွေကို ပိုမိုခန်းမှန်းနိုင်တော့မှာဖြစ်ပါတယ်။