BEC-TERO TV

ရေကြောင်းကဏ္ဍဖွံ့ဖြိုးရေး ကိုရီးယား-မြန်မာပူးပေါင်းပြီး သုတေသနလုပ်

16 Dec 2015     1,419 Views


မြန်မာရေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိုရီးယား-မြန်မာပူးပေါင်းပြီးမြန်မာနိုင်ငံမှာ သင်္ဘောသားလေ့ကျင့် ရေးနဲ့ သင်ကြားရေးသင်တန်းကျောင်းဖွင့်လှစ်ရာမှာ အဆင်ပြေမှုရှိ၊ မရှိသုတေသနလုပ်ပြီး ကိုရီးယားအစိုးရကို တင်ပြသွားတော့မယ်လို့သိရပါတယ်။သုတေသနအတွက် ကိုရီးယားရေကြောင်းတက္ကသိုလ်က ပါမောက္ခတွေ လာရောက်လေ့လာပြီး နှစ်ရှည်စီမံကိန်းတစ်ခုရေးဆွဲဖို့နဲ့ သင်ကြားရေးနဲ့လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းတွေတိုးမြှင့်နိုင်ဖို့နှစ်နိုင်ငံပူးပေါင်း သုတေသန ပြုခဲ့တာလည်းဖြစ်ပါတယ်။ဒီသုတေသနအကောင်ထည် ဖော်ဆောင်ရွက်နိုင်ဖို့ကိုလည်း KOICA(က္ကိုက်ကာ)ကပံ့ ပိုးကူညီပေးနေတာလို့လည်းသိရပါတယ်။


16 Dec 2015     1,419 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS