တရားမ၀င်ရေသန့်ထုတ်လုပ်မှုတွေရှိနေပေမယ့်ရေသန့်ဈေးကွက်မထိခိုက်နိုင်
15 Dec 2015 1,406 Views
ရေသန့်သုံးစွဲမှု များလာတာချိန်မှာ အရည်သွေးမပြည့်မီတဲ့ရေသန့်ထုတ်လုပ်ရောင်းချမှုတွေမှားပြားလာပါတယ်။ ဒီလိုကျင့်ဝတ်မညီတဲ့ ထုတ်လုပ်သူတွေကြောင့်ရေသန့်လုပ်ငန်းကိုထိခိုက်လာစရာမရှိဘူးလို့ ရေသန့်ထုတ်လုပ်သူတွေကပြောပါတယ်။ရန်ကုန်မှာ ဖြန့်ချိတဲ့ ရေသန့်တံဆိပ် ၁၃ မျိုးကို သောက်သုံးဖို့ မသင့်လို့ဆိုပြီး ဈေးကွက်အတွင်း ရောင်းချခွင့်ကို အခုလမှာပဲ ပိတ်ပင်လိုက်ပါတယ်။ဒီလိုတရားမ၀င် သောက်ရေသန့်တွေကို အစားသောက်နဲ့ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးရာက တွေ့ရှိတာဖြစ်ပါတယ်။