ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းရန်ပုံငွေရင်းမြစ်ဆိုင်ရာသဘောတူညီချက်ရရှိ
15 Dec 2015 1,391 Views
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းရန်ပုံငွေရင်းမြစ်တွေအတွက် ခိုင်မာစေမယ့် သဘောတူညီချက်တစ်ခုကို စီမံကိန်းဆိုင်ရာ ထိုင်း-မြန်မာ အကောင်အထည်ဖော်ရေးပူးတွဲ အဆင့်မြင့်ကော်မတီ(JHC)အကြားရရှိသွားပြီဖြစ် ပါတယ်။ထားဝယ်ထူးစီးပွားရေးဇုန်စီမံ တိုးတက်ရေးအတွက် မြန်မာ-ထိုင်း (၂)နိုင်ငံကြားအကျိုးတူပူးပေါင်းမှုပြု လုပ် ထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာ နှစ်နိုင်ငံအစိုးရဟာ ဘတ်ဂျက် ထိုင်းဘတ်ငွေ သန်း ၁၀၀ ထက်မပိုတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(SPV)ရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံကို SPV ရှယ်ယာပိုင်ဆိုင်မှုမှာပါဝင်ရေး ဖိတ်ခေါ်ထားတာနဲ့နည်းပညာ အကူညီ ရယူမှာကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ(၁၄)ရက်တုန်းကပြုလုပ်တဲ့(၅)ကြိမ်မြောက်(JHC)အစည်းဝေးပွဲမှာ နှစ်ဖက်လုံးက အသိမှတ်ပြုထားပါတယ်။