အရှေ့တောင်အာရှ ပညာရေးဝန်ကြီးမှားအဖွဲ့၏ယဉ်ကျေးမှုအမွေအနှစ် တူရိယာပြိုင်ပွဲမြန်မာနိုင်ငံမှပထမဆုံးအ ကြိမ်ဆုရရှိ
14 Dec 2015 1,394 Views
အရှေ့တောင်အာရှ ပညာရေးဝန်ကြီးမှားအဖွဲ့ကောင်စီ(SEAMEO)ရဲ့ယဉ်ကျေးမှုအမွေအနှစ် တူရိယာပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သိမ့်ဆုရရှိခဲ့တယ်လို့သိရပါတယ်။ဒီပြိုင်ပွဲကို အရှေ့တောင်အာရှပညာရေးဝန်ကြီးအဖွဲ့ကောင်စီ အဖွဲ့ဝင်နိုင်ငံပေါင်း(၁၁)နိုင်ငံကအခြေခံကျောင်းးတွေယှဉ် ပြိုင်ပွဲအတွက် ဖန်တီးထားတဲ့ ဂီတသံစဉ်ကိုအွန်လိုင်းကနေပေးပို့ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကမာရွတ်မြို့နယ် အမှတ် ၂အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးက ၀ါးတူရိယာကို အသုံးပြုပြီး အိုင်တီနည်းပညာနဲ့ ပေါင်းစပ်ကာ အွန်လိုင်းကနေပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာတော့ နိုင်ငံပေါင်း(၁၁)နိုင်ငံမှ ကျောင်းပေါင်း(၄၃)ကျောင်းပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကနေ ကျောင်း(၁)ကျောင်းသာပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့သိရပါတယ်။