ခုံးကျော်တံတားသုံးစင်းလုံး မတ်လတွင် ဖွင့်လှစ်နိုင်ရန်စီစဉ်နေဟုဆို
11 Dec 2015 1,388 Views
ရန်ကုန်မှာ တစ်ပြိုင်တည်းတည်ဆောက်နေတဲ့ ခုံးကျော်တံတား ၃ စင်းကိုလာမယ့် မတ်လမှာအပြီးဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ တံတားတည်ဆောက်နေတဲ့ ကုမ္ပဏီတွေကပြောပါတယ်။ရန်ကုန်မြို့မှာ ရှစ်မိုင်ခုံးတံတားအပါဝင် ကုက္ကိုင်းခုံးကျော်တံတားနဲ့ တာမွေခုံးကျော် တံတားတွေကိုတစ်ပြိုင်တည်းတည် ဆောက်နေတာဖြစ်ပြီး ရှစ်မိုင်နဲ့ ၊ကုက္ကိုင်းက ခုံးကျော်တံတားနှစ်စင်းကတော့အခုဆိုရင် ၇၀ ရာခိုင်နှုန်းဝန်းကျင်ပြီးစီးနေပြီးလို့သိရပါတယ်။