မန္တလေးမြို့ကို CCTV ကင်မရာများဖြင့် ၂၄နာရီ စောင့်ကြည့်နေပြီး
09 Dec 2015 1,397 Views
မန္တလေးမြို့ကို CCTV တွေတပ်ဆင်ပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲ့ဗဟိုထိန်းချုပ်ခန်းကနေ အချိန်ပြည့်စောင့်ကြည့်နေပါပြီ။မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာနကို ဒီဇင်ဘာလ ၈ရက်နေ့က ဖွင့်လှစ်ပြီးစောင့်ကြည့်မှုတွေစလုပ်နေတာပါ။အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်တွေကမှုခင်းဖြစ်ပွားလေ့ရှိတဲ့နေရာတွေအပါဝင် ယာဉ်တိုက်မှုအများဆုံးဖြစ်တဲ့နေရာတွေ၊ လမ်းဆုံလမ်းခွတွေ၊ အဝေးပြေးကားကွင်း၊ ဂေါဝိန်ဆိပ်ကမ်းနဲ့မဟာမုနိ ဘုရားကြီးတို့မှာ CCTV ကင်မရာများအလုံး ၄၀ အထိတပ်ဆင်ပြီးဗဟိုထိန်းချုပ်ဌာနကနေ စောင့်ကြည့်နေပါပြီ။