BEC-TERO TV

ဂရိဆယ်ကျော်သက်တစ်ဦး သေဆုံးမှုနှစ်ပတ်လည်မှာ စုရုံးသူတွေနဲ့ ရဲတွေကြားအဒိကရုဏ်းဖြစ်ပွား

08 Dec 2015     1,356 Views


ဂရိနိုင်ငံမှာ ဆယ်ကျော်သက်တစ်ဦးသေဆုံးမှုအတွက် ကျင်းပတဲ့ (၇)နှစ်ပတ်လည်လူထုစုရုံးပွဲမှာ ပါဝင်သူတွေနဲ့ ရဲတွေကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြသူတွေဟာဂရိဆယ်ကျော်သက်တစ်ဦးကို ရဲတစ်ဦးက သေနတ်နဲ့ ပစ်သတ်လို့လွန်ခဲ့တဲ့ ၇နှစ်တုန်းကသေဆုံးခဲ့တဲ့ဖြစ်ရပ်ကို အေသင်မြို့ကလမ်းပေါ်မှာ ဒီဇင်ဘာ(၆)ရက်ကဆန္ဒပြခဲ့ကြပါတယ်။ဂရိရဲတစ်ဦးက အသက် ၁၅နှစ်အရွယ် အဲလက်စီဂရိဂိုလိုပေါ်လို ကို အီဇာချီယာခရိုင်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အဲ့ဒီလူငယ်ဟာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တုန်းကသေဆုံးခဲ့တာဖြစ်ပါတယ်။အေသင်မြို့တော်အလယ်ပိုင်းမှာဖြစ်ပွားတဲ့ဒီဆန္ဒပြမှုမှာဆန္ဒပြသူတစ်ချို့က ရဲတပ်ဖွဲ့ကို ကျောက်တုံးတွေ၊ ရေနံဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အပြင်အမှိုက်ပုံးတွေကိုလည်း မီးရှို့ခဲ့လို့ အဓိကရုဏ်းရဲတွေက မီးတောက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီးဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာဖြစ်တယ်လို့ အေသင်မြို့ရဲတပ်ဖွဲ့ကပြောပါတယ်။


08 Dec 2015     1,356 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS