ဝင်ငွေဒေါ်လာ ၄၆သန်းနီးပါးရရှိတဲ့ မက်ဒေါနားရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ
19 Nov 2015 1,428 Views
ဝင်ငွေဒေါ်လာ ၄၆သန်းနီးပါးရရှိတဲ့ Madona ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ
အမေရိကန်အဆို တော် Madona သည် RebelHeart ကမ္ဘာလှည့်ဖျော်ဖြေပွဲပထမနှစ်လအတွင်း ပရိသတ်သုံးသိန်းကျော် ဖျော်ဖြေတင်ဆက်ခဲ့ ပြီး ယခုအချိန်အထိ ပွဲလက်မှတ် ရောင်းရငွေကန်ဒေါ်လာ ၄၆ သန်းရရှိထားသည်။Madona ၏ Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စက်တင်ဘာ ၉ ရက်တွင် ကနေဒါ နိုင်ငံ မွန်ထရီယယ်မြို့၌ စတင်ခဲ့ပြီး မြောက်အမေရိကတွင် ပထမပိုင်းဖျော်ဖြေတင်ဆက်မှု ပြီးဆုံးသွားပြီဖြစ်သည်။
ပထမနှစ်လအတွင်း Madona ၏ ဝင်ငွေအကောင်းဆုံး ဖျော်ဖြေပွဲသည် နယူးယောက်မြို့ Madison Square Garden အား ကစားကွင်း၌ ပြုလုပ်သော ဖျော် ဖြေပွဲဖြစ်ပြီး နှစ်ညတာဖျော်ဖြေပွဲ မှ ဝင်ငွေကန်ဒေါ်လာ ၅ ဒသမ ၂ သန်းရရှိခဲ့သည်။ Rebel Heart ဖျော်ဖြေပွဲ သည် အသက် (၅၇)နှစ်အရွယ်ရှိ အဆိုတော် Madona ၏ ဒသမအကြိမ်မြောက် ကမ္ဘာလှည့် ဖျော်ဖြေပွဲဖြစ်သည်။ ၂၀၀၈ နှင့် ၂၀၀၉အကြားတွင် ဝင်ငွေကန်ဒေါ်လာ ၄၀၈ သန်းရရှိခဲ့သည့် Sticky&Sweet ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဖြစ်သည်။ Rebel Heart ဖျော်ဖြေပွဲသည် လာမည့်နှစ် မတ်လ ၂၇ရက်တွင် သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့၌ အဆုံးသတ်မည်ဖြစ် သည်။