BEC-TERO TV

ဂျပန်နိုင်ငံမှာအလုပ်လုပ်နိုင်မယ့် အလုပ်အကိုင်ပြပွဲပြုလုပ်

26 Oct 2015     1,406 Views


နည်းပညာအပါဝင် နယ်ပယ်ပေါင်းစုံကအင်ဂျင်နီယာတွေအတွက်အလုပ်အကိုင်ပြပွဲကိုအောက်တိုဘာ ၂၅ရက်နေ့က မြေနီကုန်း KMD စင်တာမှာပြုလုပ်သွားပါတယ်။ဒီပြပွဲကိုတော့ ဂျပန်-မြန်မာယဉ်ကျေးမှုနဲ့စီးပွား ရေးဖယှယ်ရေးသင်း Japan Myanmar Association for Culture and Economic Exchange(JMACE) (ဂျေအမ်အေစီအီး)ကစီစဉ်ပြုလုပ်တာပါ။ပြပွဲမှာဂျပန်နိုင်ငံက အိုင်တီကုမ္ပဏီသုံးခုပါဝင်ပြည်တွင်းကဂျပန် အိုင်တီကုမ္ပဏီ ၂ခုနဲ့KMD စင်တာတို့က IT နဲ့အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာပြည်တွင်းပြည်ပအလုပ်ကိုင်တွေ ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။အိုင်တီနဲ့အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူတွေတွေနဲ့ဂျပန်ဘာသာစကား တတ်မြောက်ထားသူတွေအတွက်အခုပြပွဲကနေအလုပ်ကိုင်အခွင့်အလမ်းပိုမိုရရှိမှာဖြစ်ပြီးဒီပြပွဲကနေ ဂျပန်နိုင်ငံ နဲ့ပြည်တွင်းမှာလုပ်ကိုင်ရမယ့် အလုပ်နေရာ(၂၀၀)၀န်းကျင်အတွက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။


26 Oct 2015     1,406 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS