ဖီလစ်ပိုင်မုန်တိုင်းအလွန် ရောကြီးမှုသေဆုံးသူ ၅၀ ကျော်အထိရှိလာ
23 Oct 2015 1,410 Views
ဖီလစ်ပိုင်နိုင်ငံမှာ အားပြင်းတိုင်ဖွန်းမုန်တိုင်း ခိုပူတိုက်ခတ်ပိုင်းနောက် မုန်တိုင်းအားပျော့ချိန်မှာသေဆုံးသူ ၅၄ ဦး ထိရှိလာပြီလို့ ဖီလစ်ပိုင်အာဏာပိုင်တွေက အောက်တိုဘာလ(၂၂)ရက်နေ့မှာပြောကြားလိုက်ပါတယ်။မိုးသည်းမှု ကြောင့်ဖြစ်ပွားတဲ့ရေကြီးတာတွေကတော့ အနိမ့်ပိုင်းမှာရှိတဲ့ကမ်းခြေတစ်လျှောက်က ရွာတွေကိုစီးနေလို့ထောင် နဲ့ချီတဲ့လူတွေနေရာပြောင်းရွှေ့ထားရပါတယ်။မိုးသည်းမှုကြောင့်တောင်တန်းဘက်ကကျလာတဲ့ရေတွေဟာကမ်းခြေကတံငါရွာနဲ့ လယ်ယာစိုက်တဲ့ ရွာတွေကိုဦးတည်စီးဝင်နေပြီးရေတက်တဲ့အမြင့်က ၉ ပေကျော်အထိရှိတယ် လို့ ဖီလစ်ပိုင်အရာရှိတွေကပြောပါတယ်။