BEC-TERO TV

အန္တရာယ်ဆေးဝါးများသောက်သုံးနေရသူများ

23 Oct 2015     1,411 Views


ဆရာဝန်ညွှန်ကြားချက်နဲ့မဟုတ်ပဲ ဆေးဆိုင်တွေမှာဆေးဝါးတွေရောစပ်ဝယ်ယူပြီးသောက်သုံးတာတွေကအ သက်အန္တရာယ်ဆုံးရှုံးရတဲ့အထိဖြစ်တယ်လို့ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကသတိပေးထားပါတယ်။ဒါပင်မယ့် ပြည်တွင်းကခြေခံလူတန်းစားအများစုကတော့ဆရာဝန်ပြဖို့ငွေကြေးမတက်နိုင်လို့ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးတွေကိုရေစပ်ဝယ်ယူသောက်သုံးနေရတယ်လို့လည်းသိရပါတယ်။ဆေးရုံဆေးခန်းမသွားနိုင်လို့ရပ်ကွက်ဆေးဆိုင်တွေမှာစပ်ဆေးဝယ်သောက်နေရတာကသိပ်ကိုအန္တရာယ်များလို့မြန်မာနိုင်ငံဆေးနဲ့ ဆေးကုန်သည် များအသင်းကိုတည်ထောင်ခဲ့ပြီးလက်ရှိမှာလည်းဒီအသင်းမှာ နာယကလုပ်နေတဲ့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။ဥပဒေအရတော့ ဆရာဝန်ညွှန်ကြားလို့မဟုတ်ပဲ ဆေးဝါးတွေကို ရောစပ်ရောင်းချပေးတာကဆေး ၀ါးအတု ထုတ်လုပ်တာတွေ၊ သက်တမ်းလွန်ဆေးတွေရောင်းချတာတွေနဲ့ အတူတူသပ်မှတ်ထားပါတယ်။


23 Oct 2015     1,411 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS