နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရုတ်သိမ်းလိုက်သည့် ရက်ပိုင်းအတွင်းဒေါ်လာဈေးကျဆင်း လာ
21 Oct 2015 1,418 Views
နိုင်ငံခြားငွေကိုင်ဆောင်ခွင့်လိုင်စင်ပြန်လည်ရုတ်သိမ်းမယ့် သတင်းထုတ်ပြန်လိုက်ချိန် ကစတင်ပြီး ငွေကြေးဈေးကွက်ထဲမှာကျပ်ငွေလဲလှယ်တဲ့ဒေါ်လာတန်ဖိုးတဖြည်းဖြည်းကျဆင်းလာပါတယ်။လိုင်စင်ရုတ်သိမ်းမယ်လို့တရားဝင်စာထုတ်ချိန်အောက်တိုဘာလ ဒုတိယအပတ် တွင်းအမေရိကန်ဒေါ်လာတန်ဖိုး ငွေကျပ် ၁၂၉၀ ၀န်းကျင်လောက်ရှိခဲ့ပေမယ့်လိုင်စင် တွေရုတ်သိမ်းလိုက်တဲ့အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ တစ်ဒေါ်လာကို ငွေကျပ် ၁၂၇၇ ကျပ်အထိကျဆင်းသွားပါတယ်။ပြည်တွင်းစီးပွားရေးကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေကတော့ဒီလိုနိုင်ငံခြားငွေလိုင်စင်ရုပ်သိမ်းတာကို ငွေကြေးဖောင်းပွမှု ကြောင့် ခဏတဖြုတ်ဖြေရှင်းခြင်းမဟုတ်ဘဲတိတိကျကျနဲ့ အချိန်ကြာကြာလုပ်ဆောင်ဖို့ လိုတယ် လို့ပြောပါတယ်။