မလေးရှားပြည်နယ် ၈ ခုကကျောင်းတွေပိတ်လိုက်
20 Oct 2015 1,377 Views
မီးခိုးမြူကျဆင်းတာမြင့်တက်နေလို့ မလက္ကာ၊ နီဂရီ ဆမ်ဘီလန်၊ ဆီလန်ဂေါ အပါဝင် ပြည်နယ်ပေါင်း ၈ ခုက ကျောင်းတွေကိုပိတ်ဖို့ မလေးရှားအစိုးရက မနေ့ကသတင်းထုတ် ပြန်လိုက်ပါတယ်။အဲဒီပြည်နယ်တွေမှာလေထုညစ်ညမ်းမှုအညွှန်းကိန်း(API)မြင့်တက်နေလို့အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒါတက်ဆာရီမဟီဇာခါလစ် က သူ့ရဲ့လူမှုကွန်ယက်မှာမနေ့ကတင်ထားပါတယ်။ဒါပင်မဲ့ သိပံ္ပ၊ နည်းပညာ၊ အင်ဂျင်းနီးယားရင်းနဲ့ သင်္ချာပညာရပ်ဆိုင်ရာ စာမေးပွဲတွေနဲ့အသက် မွေးဝမ်းကြောင်းဆိုင်ရာ စာမွေးပွဲတွေကိုတော့ ပုံမှန်အတိုင်းကျင်းပသွားမှာဖြစ်တယ်လို့ ၀န်ကြီးကပြောပါတယ်။