BEC-TERO TV

မြန်မာလက်မှုအိုးပုတ်ဈေးကွက်တိမ်မြုပ်လာ

20 Oct 2015     1,474 Views


နည်းပညာခေတ်မှာ ကလေးငယ်တွေအတွက်ကစားစရာမျိုးစုံပေါ်ထွက်လာလို့ပြည်တွင်း ဖြစ်လက်မှုပစ္စည်းကစားစရာတွေ တိမ်မြုပ်လုနီးပါးဖြစ်လာတယ်လို့သိရပါတယ်။ဒီထဲမှာ မြန်မာလက်မှုအိုးပုတ်တွေဟာ တဲဖြည်းဖြည်းနဲ့ပျောက်ကွယ်တိမ်မြုပ်လာတယ်လို့သိရ ပါတယ်။သာကတေ(၁)ဈေးမှာ နေ့စဉ်အိုးပုတ်ရောင်းသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ခင်ဌေး အိုးပုတ်ရောင်းလာတာ အခုဆို(၃)နှစ်ရှိနေပြီး အိုးပုတ်ရောင်းအားကတစ်စတစ်စကျ ဆင်လာပါတယ်လို့ပြောပါတယ်။အိုးပုတ် ကစားနည်းတွေနည်းပါးလာတာဟာ ခေတ် ပေါ်ကစားစရာတွေ ပေါ်ထွက်လာတာကြောင့်ဖြစ်ပါတယ်။ကလေးငယ်အများစုဟာ အင်နက်ဂိမ်းတွေ၊ ဖုန်းနဲ့ဆော့လို့ရတဲ့ဂိမ်းတွေကစားလာကြပြီး အိုးပုတ်နဲ့ကစားကြတဲ့ ကလေးဆိုတာအလွန်ရှားပါးလာတာကိုတွေ့ရပါတယ်။ဒီလိုခေတ်ပေါ်ကစားနည်းတွေပေါ်ထွက်လာမယ့် အိုးပုတ်နဲ့ကစားသူတွေ၊ အိုးပုတ်ကိုကြိုက်နှစ်သက်တဲ့ကလေးငယ်တွေ ရှိနေသေးတာကိုတွေ့ရပါတယ်။ဒီလိုမြန်မာလက်မှု အိုးပုတ်တွေမပျောက်ကွယ်အောင် မန္တလေးမြို့မှာတစ်နှစ်တစ်ကြိမ်အိုးပုတ်ပွဲတော်ကို ပြုလုပ်ပြီးထိန်းသိမ်းလျက်ရှိပါတယ်။


20 Oct 2015     1,474 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS