မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖွံ့ဖြိုးရေးအတွက် သမ္မတရုံးအကြံပေးနှင့်တရုတ်သံအမတ် ဟောင်းဆွေးနွေး
20 Oct 2015 1,390 Views
မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံရဲ့ဖွံ့ဖြိုးတက်ရေးနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ဟောင်းဦးဆောင်တဲ့ တရုတ်နိုင်ငံခြားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၁၈ရက်နေ့ကမဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးစင်တာအတွင်း သမ္မတရုံးမှတာဝန်ရှိသူတစ်ချို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ဖို့အတွက်လာမယ့် နိုဝင်ဘာအတွင်း လန်ချန်း-မဲခေါင်အစည်းဝေးကိုကျင်းပသွားဖို့ရှိပြီးအစည်းအဝေးမတိုင် ခင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေအတွက်လက်တွေ့အခြေနေတွေကိုမြန်မာအပါ အ၀င် မဲခေါင်မြစ်ဝှမ်း နိုင်ငံအသီးသီးမှာလိုက်လံဆွေးနွေးနေတာဖြစ်ပါတယ်။အခုဆွေး နွေးမှုမှာတော့မြန်မာနဲ့တရုတ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မြန်မာလက်နက်ကိုင်အဖွဲ့ အစည်းတွေလက်အောက်ကနေ တရုတ် ယူနန်ဘက်ကိုတစ်နှစ်ကိုဒေါ်လာဘီလီယံနဲ့ချီ တဲ့သစ်၊ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းစတဲ့ တရားမ၀င်ဝင်ရောက်နေမှုတွေနဲ့တရုတ် ဘက်ကနေလည်းတရားမ၀င်ကုန်ပစ္စည်းတွေဝင်ရောက်နေမှုတွေကိုတားဆီးရာမှာပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့လာမယ့် လန်ချန်း-မဲခေါင်အစည်းအဝေးမှာတင်ပြနိုင်ဖို့ပြောကြားခဲ့ ပါတယ်။