ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှဝယ်သော လက်ပစ်ဗုံးတစ်လုံး မတော်တဆပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ်ကောင်လေးတစ်ဦး သေဆုံး
18 Jan 2021 1,746 Views

လွန်ခဲ့သောရက်ပိုင်းက အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်မှ အသက် ၁၂ နှစ်အရွယ် “အက်ရှာ ဟာလီ” ဆိုသူ ကောင်လေးတစ်ဦးဟာ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှ ဝယ်ယူလာသော လက်ပစ်ဗုံးတစ်လုံး ရုတ်တရက်မတော်တဆပေါက်ကွဲမှုကြောင့် အသက်သေဆုံးသွားသောသတင်း ထွက်ရှိလာပါတယ်။
ဒီဖြစ်ရပ်နှင့်ပတ်သက်ပြီး အာဏာပိုင်များက ယခုတွင် ရောင်းချပြီးဖြစ်သော ပေါက်ကွဲခြင်းမရှိသေးသော လက်ပစ်ဗုံးများစွာကျန်ရှိနေသေးဟု သတိပေးကြေညာထားပါတယ်။ အမေရိကန် အရက်၊ ဆေးရွက်ကြီး၊ သေနတ် နှင့် ပေါက်ကွဲမှုဆိုင်ရာများထိန်းချုပ်ရေးဌာန (ATF) ၏အဆိုအရ အဆိုပါ ကံဆိုးစွာသေဆုံးသွားသောကောင်လေးဟာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်သေဆုံးတာဖြစ်ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီးမှာအသုံးပြုသော ဓါတုပစ္စည်းနှင့်တုံ့ပြန်မှုမပြုသော Mk 2 လက်ပစ်ဗုံးအမျိုးအစားဖြစ်ပါတယ်။
ဇွန်လ ၁၃ ရက်နေ့တွင် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှယ်လော့တ်မြို့ရှိ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကနေ ဝယ်ယူခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ဆိုင်ကရောင်းချသော ရှေးဟောင်းပစ္စည်းလက်ပစ်ဗုံးများဟာ ပေါက်ကွဲမှုရှိနိုင်လား၊ မရှိနိုင်လားဆိုတာ ရောင်းသူရော၊ ဝယ်သူအပါ မသိနိုင်ပါဘူး ။ ထို့ကြောင့် ဆိုင်က ဝယ်ယူသွားကြသောဖောက်သည်များအားလုံး သက်ဆိုင်ရာအာဏာပိုင်များအား အမြန်ဆုံးဆက်သွယ်ပေးရန် ပြောကြားထားပါတယ်။ ဆိုင်က ရှေးဟောင်းလက်ပစ်ဗုံးများဟာ မပေါက်ကွဲသေးသောဗုံးဖြစ်နိုင်ပြီး အများပြည်သူအတွက် အသက်အနရ္တာယ်ရှိနိုင်တယ်လို့ ဆိုထား ပါတယ်။
ခပ်ဆင်ဆင် အလားတူဖြစ်ရပ်မျိုး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြောက်ကာရိုလိုင်းနားပြည်နယ်မှာပဲ ဒါဟမ်မြို့ရှိ Habitat ReStore ပရိဟိတလုပ်ငန်းတစ်ခုမှ အလှူရှင်ထံ ကရတဲ့အဝတ်ဗီဒိုတစ်ခုအတွင်းမှာ မပေါက်ကွဲသေးသောလက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပါသေး တယ်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သက်ဆိုင်ရာအာဏာပိုင်များကိုအကြောင်းကြားလိုက်ပြီး မည်သူမျှအနရ္တာယ်မရှိဘဲ ဘေးကင်းလုံခြုံစွာဖယ်ရှားနိုင်ပြီးတော့ ဖျက်ဆီးပစ်နိုင်ခဲ့ပါ တယ်။
#popolay #popolaytv #popolaynews