မေးစေ့ကဝက်ခြံညှစ်ရာမှ ပြင်းထန်စွာပိုးကူးစက်၍ အထူးကြပ်မတ်ဆောင်ရောက်သွားသော တရုတ်အမျိုးသား
18 Jan 2021 1,722 Views

တရုတ်အရှေ့ပိုင်း၊ Jiangsu ပြည်နယ်မှ “ချန်း” အမည်ရှိ တရုတ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့နှုတ်ခမ်းအောက်မေးစေ့နားက ဝက်ခြံကိုညှစ်ပြီးတဲ့နောက်မှာ အသက်သေလုနီးပါးဖြစ်သွားပြီး ပြင်းထန်စွာပိုးကူးစက်မှုကြောင့် အထူးကြပ်မတ်ဆောင်သို့ အရေးပေါ်ပို့ဆောင်ရသောဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာလအစောပိုင်းက သူ့ရဲ့မေးစေ့နားကပေါက်သော ဝက်ခြံကိုညှစ်ပြီးနောက် မကြာခင်မှာပဲ အဖျားတွေရှိလာပြီး၊ အသက်ရှူခက်လာပါတော့ တယ်။ ပြီးနောက် သူ့ရဲ့ပါးစပ်ဟာ ထိတ်လန့်စရာဖောယောင်နီမြန်းလာပြီးတော့၊ လက္ခဏာစိုးရိမ်လာပါသဖြင့် ချက်ချင်းဆေးရုံသို့ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ “သူ့ရဲ့မေးစေ့မှာ ဝက်ခြံပေါက်နေတယ်၊ မညှစ်ဖို့ ကျွန်မကပြောတယ်၊ ဒါပေမယ့် သူကတော့ ခါတိုင်းညှစ်နေကြသလိုပဲ ညှစ်လိုက်တယ်၊ ဒီလောက်ကြီးထိ ခပ်ဆိုးဆိုးဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ထားဘူး” လို့ ဇနီးဖြစ်သူက ပြောထား ပါတယ်။
လူနာရဲ့ပါးစပ်က ပိုးဝင်တာဖြစ်ပြီးတော့၊ ပိုးက ပြင်းထန်စွာအဆုတ်နှစ်ဖက်စလုံးအထိကူးစက်ပြီး အဆုတ်ပျက်စီးလုနီးပါးဖြစ်ပွားကာ လက္ခဏာစိုးရိမ်ရတဲ့အဆင့်ထိ ဖြစ်သွားတာဖြစ်တယ်လို့ ဆရာဝန်ကပြောထား ပါတယ်။ ပြင်းပြင်းထန်ထန်ပိုးကူးစက်မှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းကလည်း ပါးစပ်ကနေနှာတံအထိ အနရ္တာယ်များသော တြိဂံနေရာများမှာ ဝက်ခြံသွားညှစ်မိတာဖြစ်တယ်လို့လည်းဆိုထား ပါတယ်။ ပထမဦးဆုံးအနေဖြင့် သတိထားရမှာက လက်ဖြင့်ဝက်ခြံကိုလုံးဝမညှစ်ရန် သတိထားပါ။
အကယ်၍ ညှစ်ပြီးသွားပြီး ရောင်ရမ်းတာ၊ နာကျင်တာ၊ ညိုစွဲတာ၊ အဖျားရှိတာ အစရှိတဲ့လက္ခဏာတွေရှိပါက ဆရာဝန်ကိုပြသပါ။ အထူးကြပ်မတ်ဆောင်မှာ တစ်လခန့်ဆေးကုသမှုခံယူရပြီးနောက်၊ ယခုမှာ စိုးရိမ်အဆင့်မှ သက်သာသွားပြီးဖြစ်သော်လည်း လက်ရှိအခြေအနေကို အသေးစိတ်စောင့်ကြည့်သွားရန်အတွက် အထူးကြပ်မတ်ဆောင်မှာတင် ဆေးကုသမှုဆက်လက်ခံယူနေဆဲဖြစ်ပါတယ် ။
#popolay #popolaytv #popolaynews